Pages

Friday, September 7, 2012

Dr. Dre နားကြပ်ရောင်းချရမှုဝင်ငွေ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ သန်း ၁၁၀ ကျော်ရှိ

Dr. Dre နားကြပ်ရောင်းချရမှုဝင်ငွေ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ သန်း ၁၁၀ ကျော်ရှိ


Hip Hopဂီတ အဆိုတော် Dr. Dreသည် ၎င်း၏ အမည်ဖြင့် ထုတ်လုပ်သော နားကြပ်များ ရောင်းချမှုကြောင့် (၂၀၁၁)ခုနှစ်အတွင်း ဒေါ်လာ သန်း(၁၁၀)ကျော် ဝင်ငွေရခဲ့ကြောင်း သိရှိရသည်။ Dr. Dreသည် HTC ကော်
ပိုရေးရှင်းနှင့် ပူးပေါင်းကာ သုတေသနပြုပြီး Beats by Dr. Dre နားကြပ်များကို ရောင်းချခဲ့သည်။
ထိုနားကြပ်များသည် ဂီတလောကတွင် အလွန်နာမည်ကြီး လူကြိုက်များခဲ့ပြီး အောင်မြင်သော ထုတ်ကုန်
တစ်ခု ဖြစ်လာခဲ့ရာ Dr. Dreလည်း ဝင်ငွေ တိုးလာခဲ့ခြင်း ဖြစ်သည်။



(အဆိုတော် Dr. Dre အား Dr. Dre နားကြပ်နှင့်တွေ့ရစဉ်)

Dr. Dreနှင့် Snoop Doggတို့သည် စင်တင်ဖျော်ဖြေပွဲများမှ ဝင်ငွေရရှိမှု မကွာခြားလှသော်လည်း Forbes၏ တစ်နှစ်တာ ဝင်ငွေအမြင့်ဆုံး Rapအဆိုတော်များ စာရင်းတွင် Dr. Dre၏ ရပ်တည်မှုက ပြတ်ပြတ်သားသား အသာရသွားသည်။ Hip Hopလောက ဝင်ငွေဘုရင်များ စာရင်းတွင် Dr. Dreသည် ဦးဆောင်နေရာတွင် ရှိနေခြင်းမှာ နားကြပ်များ၏ ရောင်းချရမှုနှင့် သိသိသာသာ သက်ဆိုင်နေသည်။

HTCသည် (၂၀၀၈)ခုနှစ်က Dr. Dre စတင်တည်ထောင်သည့် ကုမ္ပဏီ၏ ရှယ်ယာ (၅၁)ရာခိုင်နှုန်းကို ဒေါ်
လာ သန်း(၃၀၀)ဖြင့် ဝယ်ယူခဲ့ခြင်းကြောင်လည်း Dr.Dre၏ ဝင်ငွေကဏ္ဍကို ပိုအားကောင်းသွားစေခဲ့သည်။

(နာမည်ကြီး Dr. Dre နားကြပ်)

ဒုတိယ နေရာမှ Diddyမှ ဒေါ်လာ (၄၅)သန်းသာ ရှိခဲ့သည်။ ရှောင်ကုမ်းဘ်ဟုလည်း လူသိများသည့် Diddy
သည် Ciroc ဗော့ဒ်ကာအရက်မှ ဝင်ငွေများလည်း ရရှိခဲ့သည်။ ဂျေးဇီးကမူ ဒေါ်လာ (၃၈)သန်း ရရှိခဲ့ပြီးယင်း
အနက် ထက်ဝက်ကျော်သည် Brooklyn Netsမှ ဖြစ်ကြောင်း သိရသည်။

ယမန်နှစ် တစ်နှစ်လုံးတွင် ဝင်ငွေ အကောင်းဆုံး Rapဂီတ အဆိုတော်များအနက် ထိပ်ဆုံး(၁၀)ဦး၏ စုစု
ပေါင်း ဝင်ငွေသည် ဒေါ်လာ (၃၃၈)သန်းထိ ရှိခဲ့သည်။ ယခုစာရင်းတွင် ကင်ညီဝက်စ်နှင့် လစ်တဲလ်ဝိန်းတို
့သည်လည်း ထိပ်ဆုံး(၅)ဦး စာရင်း၌ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

NY Daily News

0 comments:

Post a Comment