Pages

Friday, September 7, 2012

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်တွင် ကွယ်လွန်သူ ရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်သူ အသတ်ခံရ


စက်တင်ဘာ(၆)နံနက်ပိုင်းကလူသတ်မှုတစ်ခုပုဇွန်တောင်မြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။သေဆုံးသူမှာ ပုဇွန်တောင်
မြို့နယ်၊(၇)ရပ်ကွက်၊ဦးဝိဇ္ဖာလမ်းရှိတိုက်တစ်တိုက်မှ (၅)လွှာတွင်နေ ထိုင်သူ အသက်(၆၂)နှစ်အရွယ် ဒေါ်မေနှင်းဆီဟန်ဖြစ်ပြီး၊ မီးဖို ခန်းထဲတွင် ထိုးသွင်းဒဏ်ရာ (၁၀)ချက် မျှဖြင့်သေဆုံးနေခြင်းဖြစ်သည်။



သူ၏သမီးဖြစ်သူအပြင်မှပြန်လာစဉ်အိမ်တံခါးကိုသော့ဖြင့်ခတ်ထားသည့်အပြင် မိခင်ကိုလည်း ခေါ်မရသဖြင့် သော့ပြင်ဆရာကိုခေါ်
ကာသော့ဖွင့်ပြီးအိမ်ထဲသို့ဝင်ရာမီးဖိုခန်းတွင်မိခင်ဖြစ်သူသေဆုံးနေခြင်းကိုတွေ့ရခြင်းဖြစ်သည်။

ကွယ်လွန်သူသည် ရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်ကြောင်း သိရသည်။ အမှုကို ပုဇွန်တောင်ရဲစခန်းနှင် စီအိုင်ဒီတို့မှ ကိုင်တွယ်စုံစမ်း လျှက်ရှိကြောင်းသိရသည်။
 
ပေါ်ပြုလာမြန်မာ

0 comments:

Post a Comment