Pages

Friday, September 7, 2012

Amazon ၏ Kindle Fire Tablet များ မိတ်ဆက်ပြသ

Photo

Amazon ကုမ္ပဏီသည် Tabletကွန်ပျူတာ ဈေးကွက်တွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် နောက်ထပ် ထုတ်ကုန်
သစ် Tabletများကို မိတ်ဆက် ပြသလိုက်သည်။ စက်တင်ဘာလနှင့် နိုဝင်ဘာလများတွင် ရောင်းချမည့် Kindle Fire အမျိုးအစား Tabletအသစ် (၃)မျိုးကို Amazonက ဖော်ထုတ်ပြလာခဲ့သည်။ 
 
(၁၉၉)ဒေါ်လာမှ အနိမ့်ဆုံးဈေး သတ်မှတ်ရောင်းချပြီး (၆၉၉)ဒေါ်လာ အမြင့်ဆုံးဈေး ရှိနေမည့် Tablet (၃)
မျိုးအနက် ဝယ်ယူသူများသည် (၇)လက်မနှင့် (၈.၉)လက်မကို စိတ်ကြိုက် ရွေးချယ်နိုင်မည် ဖြစ်သည်။


Amazon ၏ Kindle Fire Tablet များ မိတ်ဆက်ပြသ














Amazonသည် ဈေးနှုန်းပိုမို သက်သာပြီး စွမ်းဆောင်ရည် မြှင့်တင်ပေးထားသည့် Kindle Fireအပြင် Kindle Fire HD အမျိုးအစားများဖြင့် ဈေးကွက်ကို တိုးဝင်ရန် ကြိုးစားလာခဲ့သည်။



(Amazon ၏ Kindle Fire HD tablet အမျိုးအစားသစ်)

Kindle Fire HD မှာ screen အရွယ်အစား(၈.၉)လက်မရှိပြီး 4G LTE network တွင် အသုံးပြုနိုင်မည့်ဖြစ်
ကာ ဈေးနှုန်း အမြင့်ဆုံးဖြစ်ပြီး သိုလှောင်မှု စွမ်းရည်အလိုက် (၄၉၉)ဒေါ်လာမှ (၆၉၉)ဒေါ်လာထိ ကျသင့်သည်။ Amazonက အသစ်ထုတ်လုပ်လိုက်သည့် Kindle Fireများသည် ကင်မရာ အရည်အသွေး HDအဆင့် ရိုက်ကူးနိုင်ပြီး အသံထွက် အရည်အသွေး ကောင်းမွန်ကြောင်း အာမခံထားသည်။ ထို့အပြင် Amazonသည် (၁၁၉)ဒေါ်လာတန် eBook Reader ကိရိယာလေး Paperwhiteကိုလည်း စတင် မိတ်ဆက်လာခဲ့သည်။



(Amazon ၏ CEO ဂျက်ဖ်ဘီဇော့စ်က Kindle Fire tablet အသစ်များကို မိတ်ဆက်ပြသစဉ်)

အကယ်၍ ကြော်ငြာများကို ဖယ်ရှားထားလိုပါက နောက်ထပ် အပိုဆောင်း ဒေါ်လာ(၂၀) ပေးသွင်းရမည်
ဖြစ်သည်။ ၎င်းသည် မှောင်မိုက်နေသော အချိန်များတွင်ပင် eBookများကို ဖတ်ရှုနိုင်မည်ဖြစ်သည်။

Amazon၏ Tabletကွန်ပျူတာများသည် ဈေးကွက်ထဲတွင် ထဲထဲဝင်ဝင် ထိုးဖောက်ရာ၌ ရုန်းကန်ရဖွယ် ရှိနေ
ပြီး လူအများက iPadနှင့် Google Nexus 7တို့ကို ရွေးချယ်ရန်သာ အာသီသ များနေကြောင်း လေ့လာသူများ
က ဆိုသည်။

(Amazon Kindle Fire HD နှင့် Apple iPad နှိုင်းယှဉ်ချက်)
Amazon၏ CEOဖြစ်သူ ဂျက်ဖ်ဘီဇော့စ်က "ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို ဝန်ဆောင်မှုပဲ ဖြစ်စေချင်
တယ်။ အပျော်သုံး Gadgetတွေ ဖြစ်မလာစေချင်ဘူး"ဟု ဆိုသည်။ ၎င်းက Amazon၏ Tabletများတွင် မြန်နှုန်း
မြင့် Processorနှင့် ပိုမိုကောင်းမွန်သော Graphic အင်ဂျင်၊ အကောင်းမွန်ဆုံး Wi-Fi ချိတ်ဆက်မှု စနစ်တို့ကို ထည့်သွင်းပေးထားကြောင်း ပြောဆိုခဲ့သည်။

Amazonသည် Kindle Fireများအတွက် အဓိက Operating Systemကို ပြိုင်ဘက် Google၏ ထုတ်ကုန်ဖြစ်သော Andriodကိုသာ ဆက်လက် ရွေးချယ်ထားခဲ့သည်။


USA TODAY


0 comments:

Post a Comment