Pages

Friday, September 7, 2012

ရန်ကုန်မြို့၊လမ်းမတော်မြို့နယ်၊ လမ်းမတော် (၁) လမ်း အိမ်သုံးဂတ်စ်အိုး အရောင်းဆိုင် မီးလောင်ကျွမ်းနေ

 
ရန်ကုန်မြို့ လမ်းမတော် ၁ လမ်း နှင့် ကမ်းနားလမ်းထောင့် ဂက်စ်ဆိုင်မီးလောင် မှု မြင်ကွင်း

ရန်ကုန်မြို့၊လမ်းမတော်မြို့နယ်၊ မော်တင် (၁) လမ်း၊ ကမ်းနားလမ်းပေါ်ရှိ CHO အိမ်သုံးဂတ်စ် အရောင်းဆိုင်တွင် ယနေ့နေ့လည် ၂နာရီ၃၀မိနစ်ဝန်းကျင် ခန့်က မီးလောင်ကျွမ်းခဲ့ရာ လက်ရှိအချိန်အထိ ဆက်လက်လောင်ကျွမ်းဆဲဖြစ်ကြောင်းသိရသည်။ မီးလောင်ကျွမ်းရာသို့ မီးသတ်ယာဉ် အစီး ၁၅လာရောက်၍ငြှိမ်းသတ်နေသော်လည်း ဂတ်စ်အိုး များလောင်ကျွမ်းနေမှုကြောင့် ဆက်လက်မကူးစက်စေရန်အတွက် မီးညွန့်ထိန်းသိမ်းနိုင်ရေးကြိုးစားနေဆဲဖြစ်ကြောင်းသိရသည်။ 

ရန်ကုန်မြို့ လမ်းမတော် ၁ လမ်း နှင့် ကမ်းနားလမ်းထောင့် ဂက်စ်ဆိုင်မီးလောင် မှု မြင်ကွင်း
 
လက်ရှိအခြေအနေအရဂတ်စ်အိုးသိုလှောင်ထားသည့်ဂိုဒေါင်တစ်လုံး၊တစ်ထပ်တိုက်ခံအိမ်တစ်လုံးနှင့် တစ်ထပ်သစ်သားအိမ်တစ်လုံ
လောင်ကျွမ်းနေကြောင်း သိရသည်။
မီးလောင်ကျွမ်းရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေရောက်ရှိနေကြောင်းလည်း သိရသည်။
 
 Popular Myanmar News Journal

0 comments:

Post a Comment