Pages

Friday, September 7, 2012

ပြည်တော်ပြန် မိုးသီးဇွန်၏ ရက်စက်ယုတ်မာ မှုများကို ပြည်ပရောက် ၈၈မျိုဆက်ကျောင်းသားများကဖော်ထုတ်

၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အ များစု
ဟာ အသက် ၁၉ ၂၀ ပတ်ဝန်းကျင်တွေများပါတယ်။ တချို့ ၁၄ ၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုး
သီးနှင့် နိုင်အောင်တို့ လို ၂၆ ၂၇ နှစ် အရွယ် ရောက်ပြီသူများလဲ ပါခဲ့ကြပါတယ်။

စစ်တပ်ကို လက်နှက်ကိုင်ပြန်တိုက်မယ်ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်း
 အသင်းတွေကြောင့်ဆို မမှားပါဘူ။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင် တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြ
တဲ့ သူတွေပါ။

စဉ်းစားကြည့်ပါ၊ တရားဥပဒေ စိုးမိုးမူမရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာ မိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲ ထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိက မှီခိုအားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အပေါင်းအ သင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့။

နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရပြီး လူမျိုးစု အဖွဲ့အစည်းများ၏ သတ်ဖြတ်ချင်းကို ခံခဲ့ ရပါတယ်။ အကျည်းတန်းဆုံး နဲ့ ရင်နာစရာ အကောင်းဆုံးက "ကျောင်းသား" ဆိုတဲ့ အမည်ခံထား တဲ့ ခေါင်း
ဆောင်ဆိုသူအချို့က အုပ်စုဖွဲပြီး ကျောင်းသားတွေကို ရန်သူလူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်
ခဲ့ခြင်းပါဘဲ။

မိမိ ကိုယ်ကျိုး အတွက်တခုမှမပါဘဲ တိုင်းပြည်အတွက်ဆိုပြီး မိဘတွေကို စွန့်ပြီး ထွက်လာ ကြတဲ့ ကျောင်း
သား လူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်းနိုပ်ဆက်ခံပြီးမှ သတ်ဖြတ်ခံ ခဲ့ကြရတာပါ။ တစ်
ရက် မဟုတ်ဘူး၊ တစ်ပတ် မဟုတ်ဘူး၊ တစ်လ မဟုတ်ဘူး၊ လပေါင်းများစွာ ရက်ရက်စက် ညှင်းဆဲ ပြီးမှ တရိ
စ္ဆန်တွေ လို သတ်ခဲ့ကြတာပါ။

· မိုးသီးဇွန်က ကိုဌေးနိုင် (၁၉၈၈ တွင် သင်္ချာံ နောက်ဆုံးနှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘော သ
မား၊ ရန်ကုန် တက္ကသိုလ်)ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီခဲ့ပါတယ်။

· နည်းပေါင်းဆုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။

· ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့ တဲ့အတွက် ကိုဌေးနိုင်တကိုယ် လုံး ခေါင်း
မှအစ ခြေထောက်ထိ ပွေးများဆွဲ ပြီး တကိုယ်လုံးနူခဲ့ ရပါတယ်။

· ကိုဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုဆောင့်ရတဲ့ ABSDF ကျောင်းသားလေး က "ကိုဌေးနိုင်က မျက်
ရည် တွေကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကိုတောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။

· မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေး ခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲ
ပြီး နောက် ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ ပါတယ်။

ဌေးနိုင်ကို သိကြတဲ့ သူများအားလုံး ဌေးနိုင်ဟာတော်တော် သတ္တိကောင်း ပြီး စိတ်ခိုင်မာတဲ့ သူ ဖြစ်တယ်ဆို တာ ကို သိကြ ပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွ
စွာပါဝင် ခဲ့ ကြသူတွေပါ။

· နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင်(ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်း သား
 ကျောင်းသူ ၁၀၀ ခန့် ကို အစိုးရသူသျှို များအဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

· လပေါင်း များစွာ တော်ရုံလူ မကြားဝံ့ရဲလောက် အောင် ရုပ်မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်း
နှိပ်ဆက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

· များစုဟာခေါင်းဖြတ်သတ်ခြင်းခံရပါတယ်။

· အသက် ၁၉နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင် ညှင်းပန်းသော ကာလ
များ အတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းအား လူအများရှေ့တွင် ကာမဆက် ရှက်
ခိုင်းခြင်း၊

· မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ ပါးစပ်အတွင်း ဒါးမြောင် ဖြင့်ထိုးမြွှေကာ စစ်
ဆေး ခဲ့ပါသည်။

· ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။

· လက် ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊ လက်ကိုခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက် ခိုင်း
ခြင်း။

· ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှထွက်သော သွေးကို တခြားဖမ်းဆီးခံ ကျောင်းသား တစ်
 ယောက်အား သောက်ခိုင်းခြင်း။ တို့အပြင် အခြားနည်းလမ်းပေါင်းဆုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်းစဲ
ခဲ့ပါတယ်။

မိဘအရွယ်ရောက်လာကြပြီတဲ့၊ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယောဇဉ် ကို ပိုနားလည်လာကြပါပြီ။ ခုလိုအချိန်မှာ အပြောင်းအလဲေ တွဖြစ်ပြီး ကျောင်းသားေ တွ မြန်မာ
ပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှားရှိသေးတဲ့ မိဘတိုင်း သူတို့ရဲ့ သားသမီးတွေ ကိုမျော်ကြမှာပါ။ 
 
ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျော်ကြမှာပါ။ နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့
ကျောင်းသား လေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာ ကိုယ်ချင်းစာကြည့်ကြပါ။ သူတို့လဲ အခြားမိသားစုတွေ လို မျော်ချင်ကြမှာပါ။ အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာ သူတို့ သားသမီးတွေ ဘယ် တော့မှာပြန်မလာတော့ဘူးဆိုတဲ့ အသိက သူတို့ ကို ဘယ်လောက်ကြေကွဲစေမယ်ဆို
တာ စဉ်းစားစရာ မလိုပါ ဘူး။ 
 
အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲ
ကောင်းတွေ လို မြန်မာပြည် ပြန်ရောက် လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေ ကြ
ပြီး အစိုးရကိုယ်တိုင် အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေ ကချီးမြောက် ဆက်ဆံနေ တာကို
 တွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလည်း၊ ဒီမိုကရေစီ အတွက်ဆိုပြီး သူတို့ရင်ခွင်က ထွက်သွား
ခဲ့ တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွေ အတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ ဘယ်လောက် ခံစားကြရမလဲ။

အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈မျိုဆက် ကျောင်းသားခေါင်းဆောင်များအားလုံး အနေဖြင့် သတ်ခံခဲ့ရတဲ့
ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ၊ နှင့် ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့
ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ် သမားများကို
 အသိအမှတ်ပြုပြီး မဆက်ဆံ ဘို့ တိုက်တွန်းချင်ပါတယ်။

အဲဒီနေရာမှာ ဒါတွေဟာတောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီးခဲ့ပြီ၊ ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ငါတို့ဟာနည်မည်
ကြီး တွေဘဲ ဆင်သွားရင်လမ်းဖြစ်တယ်၊ မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊ နိုင်အောင်ဟာ ခင်ဥမ္မာယော
င်္ကျာံး၊ ငါတို့ မကသ ကလူ၊ ငါတို့ကို အများကြီးထောက်ပံ့ ခဲ့တဲ့သူ၊ ဆိုတဲ့ အတွေး မျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ်ဆို လျှင် သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူ များနှင့် သူတို့ရဲ့ မိသားစုများသာမက၊ခင်များ
တို့အားလုံး ကို လူအခွင့်အရေး နှင့် တရားမျှတမူ တိုက်ပွဲရဲ့ ခေါင်းဆောင် များအဖြစ် အသိအမှတ်ပြု ထားတဲ့
သူအားလုံး နှင့်တကွ ဒီမိုကရေစီရေးတခုလုံး ကို စော်ကားလိုက် တာပဲ ဖြစ်မယ်။

တချိန်တည်းမှာ သမ္မတကြီး ဦးသိန်းစိန် နှင့် ဝန်ကြီး ဦးအောင်မင်း တို့အနေဖြင့်လည်း ခုလို ပြောင်းအလဲ ကာ
လ မှာ အတိုက်အခံ အုပ်စုများအားလုံးနှင့် ညှိ့နှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း အမျိုးသား ညီညွတ်ရေးအ
တွက် ကြိုးပမ်းခြင်းများ အပေါ် အားလုံးက ထောက်ခံအားပေး ကြတယ်ဆိုတာကို သိစေချင်ပါတယ်။ 
 
ဒါပေမဲ့ ဒီသတ်ဖြတ်မူ တွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာ သူတို့အချင်းချင်း
 ဖြစ်ခဲ့တာ၊ ငါတို့ အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး မိုးသီးဇွန် နှင့် နိုင်အောင်တို့
ကို အသိအမှတ် ပြု ဆက်ဆံ မည် ဆိုလျှင် ခင်ဗျားတို့ ကြိုးစားခဲ့ တဲ့၊ စေတနာထားခဲ့တဲ အမျိုးသားညီညွတ်
ရေး လုပ်ငန်းစဉ်ကိုများ ကို ထိခိုက် ရုံသာမက ဒီမိုကရေစီ နှင့် လူအခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကိုစော်
ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါ လိမ်မယ်။ 
 
သမ္မတကြီး တို့အနေဖြင့် မြန်မာသမိုင်းမှာ ဒီလို အရုပ်ဆိုး အကျည်း တန်လှတဲ့ ရက်စက်ကြမ်း ကြုတ်လှတဲ့ သတ်ဖြတ်မူကြီးမှာ ဘယ်လိုရပ်တည်ခဲ့တယ်၊ ဘယ်လိုတာဝန်ယူ ဖြေရှင်း ပေးခဲ့တယ်၊ ကျန်ရစ်သူ မိသားစု
တွေကို ဘယ်လိုနှစ်သိပ်မူမျိုး ပေးနိုင်ခဲ့ တယ်ဆိုတာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ် ခဲ့မှာပါ။ အဓိကတော့ သမ္မတကြီး တို့အနေနဲ့ မိဘချင်း ကိုယ်ချင်းစာနိုင် မယ်လို့ ယုံကြည်ပါတယ်။

ပြည်းတွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့် တကွ လူအခွင့်အရေး မြတ်နိုးသူ အားလုံး အနေဖြင့် ကျောင်း သား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံး အား သူတို့ကျုးလွန်ခဲသော လူမဆန်သည့်ရာဇ
ဝတ်မူ များ အတွက် ပြန်လည်ပေးဆပ်ရမယ် ဆိုတာကို သူတို့သဘောပေါက်ရန် ဝိုင်းဝန်း ဆောင် ရွက်ကြဘို့ တိုက်တွန်း လိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်တို့ အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့ ဆန္ဒပြုပါ
တယ်။
 
 
ပြည်ပရောက် ၈၈မျိုဆက်ကျောင်းသားများ

0 comments:

Post a Comment