Pages

Friday, September 7, 2012

သီရိလင်္ကာ ကျောက်မျက် ပြပွဲတွင် လူတစ်ဦးမှ ဒေါ်လာ ၁၄၀၀၀ တန် စိန်ကိုမြိုချ


သီရိလင်္ကာ နိုင်ငံတွင် ကျင်းပသော အကြီးဆုံး ကျောက်မျက်ပြပွဲ တစ်ခုတွင် တရုတ် နိုင်ငံသား ခရီးသည်တစ်
ဦးကို ခိုးမှု ကျူးလွန်ရန် ကြိုးစားမှုဖြင့်ဖမ်းဆီးလိုက်ပြီ ဖြစ်ကာ ဒေါ်လာ ၁၄၀၀၀ တန်သည့် စိန်တုံး တစ်တုံးကို
 မြိုချခဲ့ပြီးနောက် ယခုလို ဖမ်းဆီးလိုက်ခြင်း လည်း ဖြစ်သည်။
အသက် ၃၂ နှစ် အရွယ်ရှိသူ အဆိုပါ အမျိုးသားမှာ ကိုလံဘို မြို့တွင် နှစ်စဉ် ကျင်းပမြဲ ဖြစ်သည့် ရတနာ ပြပွဲတွင် ယင်းစိန်တုံးကို သေချာစွာ ကြည့်ခွင့်ရရန် အတွက်ခင်းကျင်း ရောင်းချနေသူထံ ခွင့်တောင်းခဲ့ခြင်း ဖြစ်သည်။ 
 
ထိုနောက် ယင်းစိန်မှာ အလွန်ပင် ကောင်းမွန်ကြောင်း ချီးကျူးကာ ရုတ်တရက် ၎င်း၏ ပါးစပ် အတွင်းသို့ ထည့်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။
 
 MRTV-4

0 comments:

Post a Comment