(Photo-RFA -- KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် မတ်လဆန်းပိုင်းက တွေ့ဆုံခဲ့သည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ ) |
ကချင်ပြည်နယ် လွတ်တော်အမတ် တစ်ဦးက မေးမြန်းတဲ့ အပစ်အခတ်
ရပ်စဲရေး ငြိမ်းချမ်းရေးနဲ့ ပတ်သက်
တဲ့ မေးမြန်းချက်တွေထဲမှာ
ဒုတိယကာကွယ်ရေးဝန်ကြီး ဖြေကြားခဲ့တဲ့ အချက်အလက်တချို့ဟာ လက်တွေ့ အခြေအနေနဲ့ မကိုက်ညီဘူးလို့ ကေအိုင်အိုက တုံ့ပြန်ငြင်းဆို လိုက်ပါတယ်။
နယ် အမှတ်(၁)က လွတ်တော် အမတ် ဦးခက်ထိန်နန်က
အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မေးခွန်းမေးမြန်းရာမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယကာကွယ်ရေး ၀န်ကြီး ဗိုလ်မှုးချုပ်အောင်သော်က
မေးခွန်းမေးမြန်းရာမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယကာကွယ်ရေး ၀န်ကြီး ဗိုလ်မှုးချုပ်အောင်သော်က
ဖြေကြားတာကို ဒီနေ့ထုတ် ကြေးမုံ သတင်းစာမှာဖော်ပြထားပါတယ်။
အဲဒီဖြေကြားချက်ထဲက နိုင်ငံတော်သမ္မတရဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် ညွှန်ကြားချက်ကို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက တိကျစွာလိုက်နာကြတယ်ဆိုပြီး ထည့်သွင်း ဖြေကြားခဲ့မှုဟာ တကယ်
အဲဒီဖြေကြားချက်ထဲက နိုင်ငံတော်သမ္မတရဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် ညွှန်ကြားချက်ကို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက တိကျစွာလိုက်နာကြတယ်ဆိုပြီး ထည့်သွင်း ဖြေကြားခဲ့မှုဟာ တကယ်
မှန်ကန်မှု
ရှိမရှိ ဆိုတာနဲ့ပတ်သက်ပြီး ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောဆိုပါတယ်။
"ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတကနေ ညွှန်ကြားထားတာ မှန်ကန်ရဲ့လား။ ကာကွယ်ရေးဦးစီးချုပ်ကလဲ အဲဒါကို ရှေ့တန်းမျာရှိတဲ့ စစ်ကြောင်းတွေကိုပြန်ပြီးညွှန်ကြားသလားဆိုတာတော့ ကျနော်တို့ မသိရဘူးခင်ဗျ။ ဒါပေမဲ့ ဒီသမ္မတပြောဆိုထားတဲ့ ဒီဇင်ဘာလ နောက်ပိုင်းဖြစ်တဲ့တိုက်ပွဲတွေတိုင်းမှာ ကေအိုင်အိုကိုအမြစ်

ပြတ်ချေမှုးရေး စစ်ပွဲ အများကြီးလုပ်ခဲ့တာ တွေ့ရတယ်၊ စခန်းသိမ်းတိုက်ပွဲတွေအများကြီး လုပ်ခဲ့တယ်၊ နေ့
စဉ်နဲ့အမျှကေအိုင်အေ သောင်းကျန်းသူကို လိုက်လံရှင်းလင်း
ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ၊ အဲဒီလို စခန်း
တွေမသိမ်းတာ၊ စစ်ဆင်ရေးမလုပ်တဲ့
စစ်ကြောင်းတွေကို အထက်အရာရှိကနေပြီးတော့ ထုချေလွှာတောင်း
တာမျိုးလုပ်တယ်။ "
ဒါ့အပြင် ကေအိုင်အေ အဖွဲ့က တပ်မတော်ကို နှောက်ယှက်ပစ်ခတ်ခြင်း ၊ မိုင်းခွဲတိုက်ခိုက်ခြင်း ၉၂၆ ကြိမ်ပြု
ဒါ့အပြင် ကေအိုင်အေ အဖွဲ့က တပ်မတော်ကို နှောက်ယှက်ပစ်ခတ်ခြင်း ၊ မိုင်းခွဲတိုက်ခိုက်ခြင်း ၉၂၆ ကြိမ်ပြု
လုပ်ခဲ့တဲ့ အပြင် စစ်ရေးနဲ့
မသက်ဆိုင်ဘဲ ပြည်သူတွေသုံးစွဲနေတဲ့ လမ်းတွေကို မိုင်းခွဲဖျက်ဆီးခြင်း ၆၆
ကြိမ်
လုပ်ခဲ့တယ်လို့ ဖြေကြားခဲ့တာနဲ့ပတ်သက်လို့လည်း အခုလို ပြောဆိုပါတယ်။
"ပြည်သူတွေ သွားဖို့လမ်းတွေ တံတားတွေဆိုတော့ မှန်ပါလိမ့်မယ်ခင်ဗျ။ ဒါပေမဲ့ တိုက်ပွဲဖြစ်လာတဲ့အခါမှာ သူတို့ဟာ အဲဒီတတံတားတွေကနေ အလျင်အမြန် စစ်အင်အားအလုံးအရင်းနဲ့ ကျနော်တို့ ကေအိုင်အိုဌာန ရှိ
"ပြည်သူတွေ သွားဖို့လမ်းတွေ တံတားတွေဆိုတော့ မှန်ပါလိမ့်မယ်ခင်ဗျ။ ဒါပေမဲ့ တိုက်ပွဲဖြစ်လာတဲ့အခါမှာ သူတို့ဟာ အဲဒီတတံတားတွေကနေ အလျင်အမြန် စစ်အင်အားအလုံးအရင်းနဲ့ ကျနော်တို့ ကေအိုင်အိုဌာန ရှိ
ရာဘက်ကို အလျှိုလျှိုထွက်လာတာရှိတယ်။ ဒါကြောင့် စစ်ဆင်ရေးဗျူဟာ အရ ဖျက်သင့်တဲ့ သူတို့ရဲ့စစ်ရေး
လမ်းကြောင်းကို ဖြတ်တောက်တာမျိုး
လုပ်တယ်ခင်ဗျ။ ဒါပေမဲ့ လူထုရဲ့ သွားရေးလာရေးကို
အနှောက်အ
ယှက်ပးတဲ့ပုံစံမျိုး မလုပ်ပါဘူး။ အစိုးရစစ်တပ်က တပ်ပိုင်အားတွေ
အလုံးအရင်းနဲ့ပို့လွတ်တာမျိုး စစ်ဆင်ရေး
လုပ်တဲ့အခါ အနှောက်အယှက်
အဟန့်အတားဖြစ်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ။"
ဒါ့အပြင် ကေအိုင်အေက အပစ်အခတ်ရပ်ဆိုင်းရေးကို ဆွေးနွေးညှိနှိုင်းမှု မလုပ်ဘဲ နိုင်ငံရေး အရ ဆွေးနွေး
ဒါ့အပြင် ကေအိုင်အေက အပစ်အခတ်ရပ်ဆိုင်းရေးကို ဆွေးနွေးညှိနှိုင်းမှု မလုပ်ဘဲ နိုင်ငံရေး အရ ဆွေးနွေး
ပြီးမှသာ အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့
အချက်ကို ကိုင်စွဲထားတာကြောင့် လတ်တလော ပစ်ခတ်မှုတွေ
ဆက်
လက်ဖြစ်ပေါ်နေရကြောင်း ပြောဆိုတာနဲ့ ပတ်သက်လို့လဲ ဦးလနန်
တုံ့ပြန်ပြောဆိုတာက-
" နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ရင်းနဲ့ အဆင်ပြေသွားတဲ့အခါမှာ ဒီလက်နက်ကိုင် ပဌိပက္ခဆိုတဲ့ကိစ္စဟာ သူ့ဟာသူပျောက်ကွယ်သွားမဲ့ ကိစ္စတစ်ခုပါ။ ဒီနိုင်ငံရေးပြေလည်သွားတဲ့အခါမှာ အခုကိုင်ထားတဲ့ လက်နက်
" နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ရင်းနဲ့ အဆင်ပြေသွားတဲ့အခါမှာ ဒီလက်နက်ကိုင် ပဌိပက္ခဆိုတဲ့ကိစ္စဟာ သူ့ဟာသူပျောက်ကွယ်သွားမဲ့ ကိစ္စတစ်ခုပါ။ ဒီနိုင်ငံရေးပြေလည်သွားတဲ့အခါမှာ အခုကိုင်ထားတဲ့ လက်နက်
တွေဟာ ဘာမှ သုံးလို့မရတဲ့ ပစ္စည်းတွေ
ဖြစ်သွားလိမ့်မယ်၊ ကျနော်တို့ အဲဒီလမ်းကြောင်းကို ပြောတာပါ။
အပစ်အခတ်ရပ်စဲရေး လုပ်ထားပြီးမှ အချင်းချင်းက ရန်ဆောင်နေတဲ့ ပုံစံက ဘယ်လိုမှ နိုင်ငံရေးဘက်ကို
ရောက်လာစရာအကြောင်းမရှိဘူး။ ဒါကျနော်တို့ရဲ့ ၁၇ နှစ်တာကာလပတ်လုံး ခါးသီးတဲ့ အတွေ့အကြုံသင်
ခန်းစာ တွေ ပေးခဲ့တယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးမှု မှာ နိုင်ငံရေးဆွေးနွေးမှု
လမ်းကြောင်း ဘယ်လိုဖေါ်
ဆောင်ကြမလဲဆိုတဲ့ဟာကို ၂ဦး ၂ဖက်
သဘောတူညီမှုရအောင်လုပ်ကြမယ် ဆိုတဲ့အဆိုကို ကျနော်တို့
အမြဲတမ်းပြောဆိုနေတာပါ။"
ကေအိုင်အိုနဲ့ မြန်မာအစိုးရ ဟာ ၂၀၁၁ ခုနှစ် ဇွန် လကစခဲ့တဲ့ တိုက်ပွဲနောက်ပိုင်း ပြည်နယ်အဆင့် ၃ကြိမ်၊
ကေအိုင်အိုနဲ့ မြန်မာအစိုးရ ဟာ ၂၀၁၁ ခုနှစ် ဇွန် လကစခဲ့တဲ့ တိုက်ပွဲနောက်ပိုင်း ပြည်နယ်အဆင့် ၃ကြိမ်၊
ပြည်ထောင်စုအဆင့် ၃ကြိမ်၊ အလွတ်သဘော ၄ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့
အခုအချိန်အထိအောင်
မြင်မှုမရကြသေးပါဘူး။ ကေအိုင်အို ဘက်ကတော့ ပြဿနာဖြစ်ပွါးနိုင်တဲ့ ဒေသက အစိုးရတပ်တွေ မူလနေ
ရာမှာ ပြန်လည်ဆုတ်ပေးဖို့ အဓိကထား ညှိနှိုင်းတယ်လို့ သိရပါတယ်။
0 comments:
Post a Comment