Pages

Monday, September 17, 2012

ဟင်္သာတမြို့က လူသေလောင်းစွန့်ပစ်မှု မြို့ခံများ အထူးစိတ်ဝင်စား

ဟင်္သာတမြို့တွင်လူသေလောင်းတခုဖျောက်ဖျက်ရန်ကြိုးစားမှုတခုဖြစ်ပွားခဲ့တယ်လို့ သတင်းရပါတယ်။ဟ
င်္သာတမြို့၊ လက်သမားရပ်ကွက်၊ တာကြီးတန်းနှင့် ဦးရွှေဒွေးလမ်းဆုံရာ ဂုံးဘေးနားရှိ တာဘေးသို့ စက်တင် ဘာ လ ၁၅ ရက်နေ့ည ၉ နာရီခွဲလောက်က ဆိုက်ကား တစီးနှင့် လူသေလောင်း တခုကို လာရောက် ပစ်ချရာတွင်အနီးပတ်ဝန်းကျင်မှ နေထိုင်သူများ တွေ့ရှိပြီး ဆိုက်ကား သမားကို ဖမ်းဆီးမိခဲ့ကြောင်း သတင်း ရရှိပါ တယ်။
ရပ်ကွက်တာဝန်ရှိသူတွေu လာရောက်ပြစ်ချခဲ့သည့် ဆိုက်ကားသမားကို မေးမြန်းရာတွင် ရဲဝန်ထမ်းတစ်ဦး က စေခိုင်း စေခဲ့လို့ အခုလို ပြုလုပ်ရခြင်းဖြစ်တယ်လို့ ဆိုက်ကား သမားက ပြောဆိုကြောင်း ဖြစ်စဉ်ကို လာ
ကြည့်ကြသူ မြို့ခံတွေ က ပြောကြပါတယ်။

ဒီနောက်မှာတော့ စွန့်ပစ်ခံ လူတဦးကို ဟင်္သာတ ဆေးရုံသို့ ပို့ဆောင်စစ်ဆေးတဲ့ အခါ သေဆုံး သွားပြီးဖြစ်
တယ် လို့ သိရပြီးနောက်မှာတော့ ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့က နာရေး ကူညီမှု အသင်းရဲ့ အကူ
အညီနဲ့ သဂြိုလ် လိုက်တယ်လို့ဆိုပါတယ်။

သေဆုံးသူဟာ အသက်၄၀ နှစ်ဝန်းကျင်ခန့်ရှိတဲ့ကိုအောင်စိုးမိုးဆိုသူဖြစ်ပြီး သူ၏ ဇနီးအမည်မှာ မဌေးကြည်
လို့ သိရပါတယ်။

အလောင်းဖျောက်ဖျက်ရန် လုပ်တဲ့ ဆိုက်ကားသမားကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်နေ ပြည်သူတွေ က မေးမြန်း ရာမှာတော့ စေခိုင်းခဲ့သူဟာ ဒုရဲအုပ် အောင်ရည်သွေးလို့ ပြောကြားခဲ့ကြောင်း မြို့ခံများက တဆင့် သိရပါတယ်။

ထပ်မံသိရှိရသည်မှာ လွန်ခဲ့သော ၃ ရက်လောက်က ယခင် နေရှင်နယ်ကျောင်း အလက ၁ အနီးမှာသေဆုံး
သွား သူ ရှိနေခဲ့တာကို ကျောင်းအုပ်ကြီးနဲ့ ဆရာများ သိရှိခဲ့ကြောင်း၊ သို့သော် သက်ဆိုင်ရာကို အကြောင်း
ကြားခြင်း မရှိခဲ့ ကြောင်း မြို့ခံများက ပြောဆိုနေကြတယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူနဲ့ပတ်သက်ပြီး ရဲဝန်ထမ်းအနေနဲ့ ဆေးရုံကို မပို့ဘဲ ဆိုက်ကားဖြင့် စွန့်ပစ်ခိုင်းခြင်းမှာ လျှို့ဝှက်
ချက် တခုခု ရှိနေသလားဆိုတာကို မြို့ခံလူထုက စိတ်ဝင်စားလျှက် ရှိပါကြောင်း သိရပါတယ်။

ဧရာဝတီ

0 comments:

Post a Comment

 
world time