Pages

Monday, September 17, 2012

ကင်းလှည့်ရေယာဉ်များ စေလွှတ်ခဲ့မှုအပေါ် အောင်မြင်သောစစ်ရေးအဖြစ် တရုတ်ကြေညာ


တရုတ်နိုင်ငံက ပိုင်ဆိုင်မှုအငြင်းပွားရာကျွန်းများအနီးကင်းလှည့်မှုကို အောင်မြင်သောစစ်ဆင်ရေး လုပ်ငန်း
တစ်ခုအဖြစ် ကြေညာခဲ့သည်။ တရုတ်သည် ၎င်းတို့၏ စစ်တပ်ရေယာဉ် (၆)စင်းကို ဂျပန်နှင့် ပိုင်ဆိုင်မှုအငြင်း
ပွားနေရာ ကျွန်းများထံသို့ စေလွှတ်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
တရုတ်တွင်ဒိုင်အိုယူဟု ခေါ်ပြီးဂျပန်တွင်ဆန်ကာကူဟုလူသိများသော ကျွန်းများအနက် ကျွန်း(၃)ခုကို ဂျပန်
နိုင်ငံက ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် တရုတ်က ရေတပ်ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ အမေရိ
ကန် ကာကွယ်ရေး ဝန်ကြီး လီယွန် ပါနက်တာက တိုကျိုတွင် ရှိနေစဉ် ယခုကိစ္စနှင့် ပတ်သက်၍ တရုတ်ရော၊ ဂျပန်ပါ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။


တစ်ဖက်ဖက်ကအစွန်းရောက်တာမျိုး ဖြစ်လာတာနဲ့ ရလဒ်က အကြမ်းပတမ်းတွေ ဖြစ်လာနိုင်တယ်။ နောက်
ဆုံးမှာ နိုင်ငံနှစ်ခုကြား ပဋိပက္ခမျိုးကို ဦးတည်လာနိုင်တယ်"ဟု ပါနက်တာက သတိပေးခဲ့သည်။

တရုတ်နိုင်ငံသည် လူအများ အခြေချ နေထိုင်ရန် ခက်ခဲသော်လည်း သဘာဝရင်းမြစ် ပေါကြွယ်ဝသည့် ကျွန်း
များကို ဂျပန်နှင့်အပြိုင်လုနေရပြီးတစ်ဖက်တွင်ထိုင်ဝမ်ကလည်း ၎င်းတို့ ပိုင်ဆိုင်ကြောင်း အရေးဆိုနေသည်။

တရုတ် ရေတပ် ထောက်လှမ်းရေးဌာန (CMS)က မိမိတို့သည် သောကြာနေ့က ရေတပ် ကင်းလှည့်လှေများ
ကို စေလွှတ်ခဲ့ပြီး တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း ကြေညာခဲ့သည်။

လက်ရှိတွင်မူကျွန်းပိုင်ဆိုင်မှုအငြင်းပွားသည့် နောက်ဆက်တွဲ အခြေအနေအဖြစ် တရုတ်နိုင်ငံတွင်ဂျပန်ဆန့်
ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုများ ဖြစ်ပေါ်နေသလို ဂျပန်လုပ် မော်တော်ကားများကို ပစ်မှတ်ထား တိုက်ခိုက်
ကာ ဂျပန်အလံများကို မီးရှို့ခဲ့ကြသည်။

တနင်္ဂနွေနေ့ကမူ ရာနှင့်ချီသည့် တရုတ် ဆန္ဒပြသူများသည် ဘေဂျင်းရှိ ဂျပန်သံရုံးကို ဝိုင်းဝန်းထားရာ အဓိ
ကရုဏ်း နှိမ်နင်းရေး ရဲများနှင့် ပြဿနာ တက်ခဲ့သေးသည်။

ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါကမူ ဘေဂျင်းအစိုးရအား မိမိတို့ နိုင်ငံအပေါ် ဆန့်ကျင်မှုများကို လျော့ကျ
အောင် ဆောင်ရွက်ရန် တိုက်တွန်းထားပြီး ပြဿနာကို နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုကြောင်း ကမ်း
လှမ်းထားသည်။

BBC News:

0 comments:

Post a Comment