Pages

Monday, September 17, 2012

ABSDF မြောက်ပိုင်း သတ်ဖြတ်မှု အပြည်ပြည်ဆိုင်ရာ တရားရုံးအထိ တက်ရောက်မည် ဟုဆို

မြန်မာနိုင်ငံလုံးဆိုင်ရာကျာင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)မှကျောင်းသားများကိုစစ်ထောက်လှမ်း
ရေးဟုစွပ်စွဲကာသတ်ဖြတ်ခံခဲ့ရမှုကိုပြည်တွင်းတွင်ဥပဒေနှင့်အညီတရားစွဲရန်ပြင်ဆင်လျက် ရှိပြီး အကြောင်း အမျိုးမျိုးကြောင့် တရားစီရင်ခြင်း မခံရပါက အပြည်ပြည် ဆိုင်ရာ တရားရုံးထိ တက်ရောက် တရားစွဲဆိုရန် ကြိုးပမ်းစီစဉ်သွားမည်ဟုယင်းစွပ်စွဲသတ်ဖြတ်ခံခဲ့ခြင်းမှလွတ်မြောက် လာခဲ့သည့် ကျောင်းသားဟောင်းများ
က ထုတ်ဖော် ကြေညာလိုက်သည်။
ယင်းကြေညာချက်ကို စက်တင် ဘာ ၉ ရက် တနင်္ဂနွေနေ့ မွန်းလွဲ ၁ နာရီ က မန္တလေးမြို့ ဒက္ခိဏရာမ ဘုရားကြီး အလယ်တိုက်တွင် မြောက်ပိုင်း အမှုမှန် ဖော်ထုတ်ရေးအဖွဲ့က ပြုလုပ်သည့် ပါ ဂျောင် ရှင်းတမ်း အခမ်းအနား၌ ထုတ် ဖော်ကြေညာခြင်းဖြစ်သည်။
 
ယခုအမှုကိုနစ်နာခံခဲ့ရသူကျောင်းသားများတစ်ဦးချင်းအမှုဖွင့်ရင်ဆိုင်နေပါလျှင်အချိန် ကြာမြင့်နေမည် ဖြစ်
သောကြောင့်စုပေါင်းအမှုဖွင့်ရင်ဆိုင် သွားမည်ဖြစ်ပြီး တရားခံ စာရင်း ကို နိုင်ငံ တော်သမ္မတ၊ လွှတ်တော်နှင့် တရားရေး အဖွဲ့ထံ တင်သွင်းသွားမည် ဖြစ်ကြောင်း ဦးဆမားညီညီ က ပြောသည်။
 
“ကျွန်တော်တို့လုံးဝခွင့်မလွှတ်၊ မကျေအေး နိုင်ပါဘူး”ဟု ဦးဆမားညီညီ ကဆိုသည်။
 
အဆိုပါကိစ္စကိုဖြေရှင်းနိုင်ရန်နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန် ပြည်
သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့
ထံ စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်း ဆောင်ရွက်၍ အမှုမှန်ပေါ်ရေးကို တောင်းဆို သွားမည်ဖြစ်ကြောင်း အဆိုပါ ပါဂျောင်စခန်းမှ လွတ်မြောက်လာသူ ဦးညီညီက ဆိုသည်။
 
အကယ်၍နိုင်ငံရေးလှည့်ကွက် များအရ တရားခံများ အနေဖြင့် ပြည်တွင်း တွင် ထိုက်သင့်သော ပြစ်ဒဏ်များ ကျခံရခြင်းမရှိပါက အပြည်ပြည်ဆိုင်ရာ တရား ရုံးထိ တက်ရောက်သွားမည် ဟု ကျောင်းသား ဟောင်းများက တညီတညွတ်တည်း ပြောခြင်း ဖြစ်သည်။
 
ယင်းတရားခံများ ပြည်တွင်းတွင် မရှိတော့ ပါကလည်း မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် လက် မှတ် ရေးထိုးပြီး ဖြစ်သောကြောင့် အင် တာပို ရဲတပ်ဖွဲ့ မှတစ်ဆင့် ဖမ်းဆီးသွား နိုင်သည်ဟုလည်း သတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို ဦးဆမား ညီညီက ဖြေကြားသည်။
 
ထိုအမှုကို တင်သွင်းရာတွင် အထူး စစ်ဆေးရေး အဖွဲ့ဖွဲ့ပေးရန် မန္တလေး ပတ်ဝန်းကျင် ပြည်သူများထံမှ ဆန္ဒမဲလက်မှတ်တစ်သောင်းခန့်ကောက်ခံသွားမည်ဖြစ်ပြီးတစ်ပါတည်းတင်သွင်းနိုင်အောင် ကြိုးပမ်းသွား
မည်ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်ရပ်များဖြစ်ပေါ်စဉ်ကာလအတွင်းABSDFဗဟို ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာနိုင်အောင်က အဆိုပါ ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ၎င်း အနေဖြင့် ဖြစ်ရပ်များကို မသိရှိ ခဲ့ကြောင်း၊ ယင်းလူသတ်မှုသည် ABSDF တောင် ပိုင်းနှင့် မြောက်ပိုင်း နှစ်ခြမ်း ကွဲနေချိန် တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ 
 
မိမိတွင်တာဝန်ရှိသော်လည်းပြစ်မှုကျူးလွန်ခဲ့ခြင်း မဟုတ်ကြောင်း၊ လူသတ်မှုများပြီး မှသာ သိရှိခဲ့ခြင်း ဖြစ်ပြီး ယင်းလူသတ်မှု များကို မြောက်ပိုင်း ဗဟိုက အဓိကဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာ နိုင်အောင်က စက်တင်ဘာလ၃၀ရက်နေ့တွင်ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေ ဆိပ်သို့ ရောက်ရှိလာစဉ် ပြောကြားသည်။ “တာဝန်ရှိတယ်ဆိုတာ အပြစ်ရှိ တာနဲ့မတူပါဘူး” ဟု ဒေါက်တာ နိုင်အောင် ကဆိုသည်။
 
“ဒီကိစ္စကိုကျွန်တော်တို့တရားဥပဒေဘောင်တွင်းဖြေရှင်းနိုင်အောင်ကျွန်တော့်မှာရှိတဲ့ အချက်အလက်တွေ
၊နောက်နော်ဝေကအဖွဲ့ပြုစုထားတဲ့အချက်အလက်တွေနဲ့ကျွန်တော်အမှန်တိုင်းဖြစ်အောင် လုပ်ဆောင်သွား
မယ်။ဒါမှသေဆုံးခဲ့သူတွေကိုအသိအမှတ်ပြုရာရောက်မှာ”ဟုတပ်ဦးပထမဆုံးဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦး
ထွန်းအောင် ကျော်က ပြောကြားသည်။
 
အဆိုပါ ABSDF မြောက်ပိုင်း ဗဟိုတွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှု များနှင့်ပတ်သက်၍ ABSDF မှ အမှန် တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်ဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းကာ အမှုမှန်ပေါ် ပေါက်ရန် ထုတ်ဖော် သွားမည် ဖြစ်ပြီး စုံစမ်းရေး ကော်မရှင်သည် တရားဥပဒေ စိုးမိုးရေး၊ အမျိုးသားပြန်လည် စည်းလုံး ရေးဆီ ဦးတည်ကြောင်း အဆိုပါ ကျောင်း သား တပ်မတော် ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်း ကဆိုသည်။
 
ယခုလက်ရှိ ABSDF ဗဟို ကော်မတီသည် အဆိုပါ မြောက်ပိုင်း လူအစုလိုက် သတ်ဖြတ်မှုနှင့် ပတ်သက် ပြီး စက်တင်ဘာလ ၇ ရက်နေ့ ရက်စွဲ ဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့ကာ ယင်းကြေညာချက်တွင် သမိုင်း စာမျက်နှာပေါ်၌ အကြောင်းအကျိုးနှင့် သမိုင်းဆိုင်ရာ ဖြစ်ရပ်မှန်များကို စုံစမ်း ဖော်ထုတ်သွားနိုင်ရေး အပါအဝင် ပတ်သက်သူ အားလုံး အတွက် တရား မျှတမှုနှင့် အမှန်တရား ပေါ်ထွန်းရေး သက်ဆိုင်သူများ အားလုံး နားလည် ကျေနပ်မှုနှင့် ပြန်လည် သင့်မြတ်ရေး ရရှိစေရေး စသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းဖြင့် ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့သည်။
 
အနာဂတ် မြန်မာနိုင်ငံတော်၏ ဒီမို ကရေစီ လျှောက်လှမ်းမည့် ခရီးစဉ်တွင် ထိုကဲ့သို့ ရာဇဝတ်မှုများ ကျူးလွန်ကာ မျက်နှာပြောင်တိုက်၍ ဝင်လာသူများ ပြန်လည် ပါဝင်လာမည်ကို လုံးဝ မလို လား၊ လက်မခံနိုင်ကြောင်း ကျောင်းသား ဟောင်းများက တညီတညွတ်တည်း ဆိုသည်။
 
အဆိုပါ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဗဟိုတွင် ဖြစ်ပွားခဲ့သော လူသတ်မှုများနှင့် ပတ်သက်၍ အမှုမှန်ကို ဖော်ထုတ်ရန် ကြိုးစားလျက် ရှိပြီး အချိန် မရွေး သက်သေအဖြစ် လိုက်ပေးနိုင် ကြောင်း အဆိုပါ ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်က ဆိုသည်။
 
ယင်းပြဿနာတွင် လူ့အခွင့် အရေး ချိုးဖောက်မှု များကို စုံစမ်း ဖော် ထုတ်ရမည် ဖြစ်ပြီး ယင်းဖြစ်ရပ်တွင် ပါဝင်ပတ်သက်နေသူများကလည်းကိုယ်တိုင်တာဝန်ယူရမည်ဖြစ်ကာ ပြန်လည် သင့်မြတ်ရေး အတွက်လည်း ဦးတည်ရမည့်ပြဿနာဖြစ်ကြောင်း၊အချိန်ယူ ဖြေရှင်းရမည့် ပြဿနာဖြစ် ကြောင်း အဝေးရောက် ညွန့်ပေါင်း အစိုးရ NCGUB အဖွဲ့မှ ဒေါက်တာ သောင်းထွန်း က ဆိုသည်။
 
“ဒီပြဿနာကထောက်လှမ်းရေးပါနေတဲ့အတွက်သူတို့လည်းတာဝန်ရှိတယ်။အဲဒီတော့ သူတို့လည်း ဖော်
ထုတ် ပေးဖို့လိုတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
 
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း ဗဟိုပါဂျောင်စခန်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် တာဝန်ရှိ သူများမှာ ဒေါက်တာနိုင်အောင်၊ ရော်နယ်အောင်နိုင်၊ ဦးမျိုးဝင်း(သေဆုံး)၊ ဦးလှဌေး၊ ဦးသံချောင်း၊ ဦးနေတိုး (USA)၊ ဦးအောင်ကြီး SSA ၊ ဦးစိန်အေး၊ ဦးလှ သန်း၊ ဦးသန်းဇော်၊ ဦးဇော်ဇော်မင်း၊ ဦးအောင်စိုးမြင့်၊ ဦးသက်၊ ဦးဖိုးနှောင်း၊ ဦးနောင်စောတို့ ဖြစ်သည်ဟု ABSDF (ဗဟို ကော်မတီဝင်ဟောင်း) ဦးညီညီကျော် ကဆိုသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ပါဂျောင် စခန်းတွင် ၁၉၉၂ ခုနှစ် နှစ်ဆန်းပိုင်းက ကျောင်းသား ၁၀၇ ဦး ကို စစ်ထောက်လှမ်းရေး အဖြစ် ဖမ်းဆီး စစ်ဆေးခဲ့ရာ ၁၄ ဦးမှာ စစ်ဆေးသည့်ဒဏ်ဖြင့်သေဆုံးခဲ့ပြီး၁၅ဦးမှာအာစံကုန်းတွင်အသတ်ခံခဲ့ရကြောင်း၊အကြောင်း မျိုးမျိုးကြောင့်
သေဆုံးသူကိုးဦး ရှိခဲ့ပြီး ၅၅ ဦးခန့် ထွက်ပြေး လွတ်မြောက်ခဲ့ ကြောင်း လွတ်မြောက်လာသည့် ကျောင်း သား ရဲဘော်များက ဆိုသည်။
The Voice Weekly

0 comments:

Post a Comment