Pages

Monday, September 17, 2012

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအတွက် အကျဉ်းထောင်အသီး သီးက အကျဉ်းသား ၅၁၄ ဦး ဒီကနေ့နေ့စွဲနဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကြောင်းကြေငြာ

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအတွက်မြန်မာနို်င်ငံ အကျဉ်းထောင်အသီး
သီးက အကျဉ်းသား ၅၁၄ ဦး ဒီကနေ့နေ့စွဲနဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကြောင်း နိုင်ငံတော် သမ္မတ ကကြေ
ညာလိုက်ပါတယ်။
ဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ အကျဥ်းသား ၅၀၀ ကျော်လွတ်ပေးတယ်ဆိုပေမဲ့ နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်
ဦးပါမလဲဆိုတာသေသေချာချာ မသိရသေးပါဘူး။

နိုင်ငံရေး အကျဉ်းသားများ အရေးဆောင်ရွက်နေတဲ့ နိုင်ငံရေး
အကျဉ်းသား မိသားစုကွန်ယက်က ကိုတိုး
ကျော်လှိုင်က သာယာဝတီထောင် က နိုင်ငံရေး အကျဉ်းသား ၃ ဦးပါဝင်တယ်လို့ ပြောပါတယ်။

တောင်ကြီးထောင်က နိုင်ငံရေး အကျဉ်းသား ဦးရွှေထူး လွတ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် AAPP အဖွဲ့ အဆိုအရ လတ်တလော လွတ်မြောက်လာတဲ့ နိင်ငံရေးအကျဉ်းသား အရေအတွက်ကို မသိရ
သေးဘူးလို့ ပြောပါတယ်။ 
 
AAPP အဖွဲ့ စာရင်းများအရ နိုင်ငံရေးအကျဉ်းသား ၄၅၀ ခန့်ရှိတယ်လို့ သိရပါတယ်။ အလားတူ NLD အဖွဲ့ ရဲ့ စာရင်းတွေအရ အကျဉ်းထောင်များမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၃၃၀ ရှိနေတာဖြစ်ပါတယ်။
 
 
RFA (Burmese)

0 comments:

Post a Comment