Pages

Monday, September 17, 2012

ဟဲလ်မန်း ဟမ်မက် လူ့အခွင့်အရေးဆု ကိုဇော်သက်ထွေးလက်ခံရရှိ

Photo: ဟဲလ်မန်း ဟမ်မက် လူ့အခွင့်အရေးဆု ကိုဇော်သက်ထွေးလက်ခံရရှိ

အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့အခြေစိုက် လူ့အခွင့်အရေး 
စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ကမ္ဘာတ၀ှမ်းမှာ လူ့အခွင့်အရေး ဖိနှပ်ခံနေရတဲ့ စာရေးဆရာတွေကိုနှစ်စဉ် ချီးမြှင့်နေတဲ့ “ံHellman- Hammett”  ဆုကို ဒီနှစ်အတွက် မြန်မာနိုင်ငံက သတင်းသမား စာရေးဆရာ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်သက်ထွေးကို ချီးမြှင့်လိုက်ပါတယ်။ 

ဒီဆုကို မြန်မာနိုင်ငံမှာပဲ အခမ်းအနားနဲ့လက်ခံရယူမှာဖြစ်တယ်လို့ ကိုဇော်သက်ထွေးကပြောပါတယ်။

၂၀၁၂ ခုနှစ်အတွက် Hellman- Hammett Grant ဆု ချီးမြှင့်ခံရကြောင်း စက်တင်ဘာလ (၁၄) ရက်နေ့က HRW ကနေအကြောင်းကြားစာပေးပို့ ခဲ့တယ်လို့ ကိုဇော်သက်ထွေး ပြောပြပါတယ်။

ဒီဆုချီးမြှင့်တဲ့ အစီအစဉ်ကို ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော် အမေရိကန်သတင်းထောက် Mr. Hammett က လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ စာရေးဆရာတွေရဲ့ အခန်းကဏ္ဍကို ဂုဏ်ပြုချီးမြှင့်တဲ့ အနေနဲ့ စတင်တည်ထောင်ခဲ့တာပါ။ 

ဂုဏ်ပြုလက်မှတ်နဲ့အတူ အမေရိကန် ဒေါ်လာ ခြောက်ထောင် ကို ဆုချီးမြှင့်ငွေအဖြစ် သတ်မှတ်ထားပါတယ်။

ကိုဇော်သက်ထွေးဟာ Hellman- Hammett လူ့အခွင့်အရေးဆုကို
 မြန်မာနိုင်ငံသားအနေနဲ့ ဒုတိယမြောက်လက်ခံရရှိသူဖြစ်ပြီး ၁၉၉၂ ခုနှစ်က အနုပညာရှင် ကိုဇာဂနာဟာ ပထမဆုံးအဖြစ် ဆုချီးမြှင့်ခံခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW 
က ကမ္ဘာတ၀ှမ်းမှာ လူ့အခွင့်အရေး ဖိနှပ်ခံနေရတဲ့ စာရေးဆရာတွေကိုနှစ်စဉ် ချီးမြှင့်နေတဲ့ “ံHellman- H
ammett” ဆုကို ဒီနှစ်အတွက် မြန်မာနိုင်ငံက သတင်းသမား စာရေးဆရာ နိုင်ငံရေး အကျဉ်းသားဟောင်း ကို
ဇော်သက်ထွေးကို ချီးမြှင့်လိုက်ပါတယ်။ ဒီဆုကို မြန်မာနိုင်ငံမှာပဲ အခမ်းအနားနဲ့လက်ခံရယူမှာဖြစ်တယ်လို့ ကိုဇော်သက်ထွေးကပြောပါတယ်။

၂၀၁၂ ခုနှစ်အတွက် Hellman- Hammett Grant ဆု ချီးမြှင့်ခံရကြောင်းစက်တင်ဘာလ (၁၄) ရက်နေ့ကHRW
ကနေအကြောင်းကြားစာပေးပို့ ခဲ့တယ်လို့ ကိုဇော်သက်ထွေး ပြောပြပါတယ်။

ဒီဆုချီးမြှင့်တဲ့ အစီအစဉ်ကို ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော် အမေရိကန်သတင်းထောက် MrHammett
က လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ စာရေးဆရာတွေရဲ့ အခန်းကဏ္ဍကို ဂုဏ်ပြုချီးမြှင့်တဲ့ အနေနဲ့ စတင်တည်ထောင်ခဲ့တာပါ။

ဂုဏ်ပြုလက်မှတ်နဲ့အတူ အမေရိကန် ဒေါ်လာ ခြောက်ထောင် ကို ဆုချီးမြှင့်ငွေအဖြစ် သတ်မှတ်ထားပါ
တယ်။

ကိုဇော်သက်ထွေးဟာ Hellman- Hammett လူ့အခွင့်အရေးဆုကို မြန်မာနိုင်ငံသားအနေနဲ့ ဒုတိယမြောက်
လက်ခံရရှိသူဖြစ်ပြီး ၁၉၉၂ ခုနှစ်က အနုပညာရှင် ကိုဇာဂနာဟာ ပထမဆုံးအဖြစ် ဆုချီးမြှင့်ခံခဲ့ရပါတယ်။

0 comments:

Post a Comment