Pages

Monday, September 17, 2012

မြဝတီမြို့တွင် ဇနီမောင်နှံနှစ်ယောက်အား ထော်လာဂျီနဲ့ အတိုက်ခံရသဖြင့် ဇနီးသေဆုံး

မြဝတီမြို့ မဲထော်သလေးလမ်းဘောက် ၌ စက်တက်ဘာ (၁၆)ရက်နေ့က ညနေ(၇)နာရီခွဲတွင် စိုက်ပျိုးရေးခြံမှ  ပြန်လာသော ဇနီးမောင်နှံနှ စ်ယောက်ကို ထော်လာဂျီနှင့်တိုက်မိသောကြောင့် ဇနီးသည်မှာယင်းနေ ရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထော်လာဂျီနှင့် အတိုက်ခံရသော ဇနီးမောင်နှံနှစ်ယောက် ကို မြဝတီဆေးရုံ ကိုရောက်အောင် ပါဝင်ကူညီ လုပ်ဆောင်ပေးသောမြဝတီမြို့စေန နာရေး ကူညီမှုအသင်း ဥက္ကဌ ဦးလှထွန်းက ထော်လာဂျီနဲ့ ဘယ်လိုမျိုးအတိုက်ခံ ရတာကို ပြောပြသွားပါတယ်။ " သူ့တို့ ဇနီးမောင်နှံနှစ်ယောက်က စိုက်ခင်းမှ ဆိုက်ကယ်နဲ့ ပြန်လာတာပါ။ အဲဒီအချိန် မှာ နောက်ကနေပြီးတော့ ထော်လာဂျီက ဝင်တိုက်တဲ့အတွက် အမျိုးသမီးမှာ ယင်းနေရာမှာ ပင် သေးဆုံးသွားပါတယ်။

အမျိုးသားကတော့ အခုမြဝတီဆေးရုံကို ပို့ထားပါတယ်။ သေဆုံးသွားတဲ့ အမျိုသမီးက ထော်လာဂျီအောက် မှာပါသွားပါတယ်။

လက်ကိုပွတ်တိုက်ပြီးသေဆုံးသွားပါတယ်။အခုမြဝတီဆေးရုံရေခဲတိုက်ထဲမှာထားပါတယ်။ အမျိုးသားမှာ
တော့ လက်၊ ခြေထောက်နဲ့ ခေါင်းမှာနည်းနည်း ထိသွားပါတယ်။



အခြေအနေကတော့ ကောင်းပါတယ်။ နာမည်ကိုတော အတိအကျမ သိရသေးဘူးဗျ။" ဟု ပြောသွားသည်။

အမည်မသိရတဲ့ထော်လာဂျီတိုက်ခံရဇနီးမောင်နှံနှစ်ယောက်မှာမြဝတီမြို့အမှတ်(၄) ရပ်ကွက်မှ ဖြစ်ပြီး နှစ်
ယောက်လုံးက အသက်(၄၀)ကျော်ဖြစ်ကြောင်း  ဦးလှထွန်းပြောပြချက်အရ သိရသည်။

ထော်လာဂျီနဲ့တိုက်သွားတဲ့တရားခံကိုဘယ်လိုမျိုးအမှုစီရင်နေတာကိုသိလို၍မြဝတီမြို့ရဲစခန်းနှင့် ယာဉ်ထိန်း
မှူးကို ဆက်သွယ်သော် အဆက် အသွယ်မရဖြစ်နေပါတယ်။

 Arakan Times သတင်းဌာန

0 comments:

Post a Comment