Pages

Monday, September 17, 2012

ဗြိတိန်တော်ဝင်မင်းသမီးကိတ်က ဓါတ်ပုံကိစ္စ ကို တရားစွဲမယ်


လွန်ခဲ့တဲ့ သတင်းပတ်က ဗြိတိန် တော်ဝင်မင်းသား ၀ီလျံနဲ့ ကြင်ယာတော် ကိတ်တို့ ၂ ဦး မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကို ရောက်နေတုန်း မင်းသမီး ကိတ်ရဲ့ အပေါ်ပိုင်း ဗလာကျင်းနေတဲ့ ဓာတ်ပုံတွေကို ပြင်သစ် အ၀ါရောင် မဂ္ဂဇင်း တခုဖြစ်တဲ့ French Closer မှာ ဖော်ပြခြင်း ခံခဲ့ရပါတယ်။
ဒါကြောင့် မင်းသမီး ကိတ်ကတော့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိပါး ချိုးဖောက်ချက်နဲ့ အခုတော့ တရားစွဲ လိုက်ပါပြီတဲ့။


ဓာတ်ပုံ- The Sun
တကယ်တော့မင်းသားဝီလျံနဲ့ကြင်ယာတော် ကိတ်တို့ ဟာ အပန်းဖြေစခန်းတခုမှာ လွတ်လွတ် လပ်လပ်နေ စဉ်မှာဘဲပါပါရာဇီဓာတ်ပုံသမားကအဝေးကနေအနီးကပ်ဆွဲရိုက်ထားတဲ့ဓာတ်ပုံတွေကိုပြင်သစ် မဂ္ဂဇင်းက
ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး ဓာတ်ပုံ သမားကိုလည်း ဖော်ထုတ် ဖို့နဲ့ ပြင်သစ် မဂ္ဂဇင်းအနေနဲ့ ဒါဟာ ပုဂ္ဂလိက လွပ်လပ်ခွင့်ကို ချိုးဖောက်တာ ဖြစ်လို့ အခုလို တရားစွဲတာဖြစ် ပါသတဲ့။

လွန်ခဲ့တဲ့လပိုင်းကပဲကိတ်ရဲ့မတ်တော်ဖြစ်တဲ့မင်းသားဟယ်ရီရဲ့အမေရိကန်ပြည်ထောင် စု လော့စ်အိန်ဂျ
လိစ်မှာအ၀တ်ဗလာကျင်းဖြစ်နေတဲ့မင်းသားဟယ်ရီရဲ့ဓာတ်ပုံတွေထွက်ပေါ် လာပြီး နောက်ပိုင်း တော်ဝင်မိ
သားစုလည်း မျက်နှာ ပျက်ခဲ့ရပါသေးတယ်။
 
ဧရာဝတီ

0 comments:

Post a Comment