Pages

Sunday, September 23, 2012

ရခိုင်ပြည်နယ်ရှိ မွတ်စလင် အမျိုးသမီး များကို ခေတ်ပညာ သင်ပေးရန် သဘောတူ


စက်တင်ဘာ(၂၃)

နေပြည်တော်တွင်နှစ်ရက်ကြာ ကျင်းပနေသည့် ရခိုင်ဒေသ ရခိုင်ပြည်နယ်ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာအ
လုပ်ရုံဆွေးနွေးပွဲ တွင်တက်ရောက်နေသည့် ရခိုင်လူမှုအဖွဲ့အစည်းများ၊မွတ်စလင်ဘာသာရေးအဖွဲ့အစည်းများ၊စုံစမ်းစစ်ဆေးရး
ကော်မရှင် အဖွဲ့ဝင်များက ရခိုင်ပြည်နယ်ရှိ မွတ်စလင် အမျိုးသမီးများကိုမြန်မာ့လူမှု အဖွဲ့အစည်းအတွင်း လိုက်လျောညီထွေနေထိုင်
နိုင်ရေး အတွက်ခေတ် ပညာ များ သင်ကြားပေး ရန်လိုကြောင်အဆိုတစ်ခုကိုသာသဘောတူညီမှုရရှိခဲ့ကြောင်းသတင်းရရှိသည်။ 
နေပြည်တော်ရှိMICCတွင်ပြုလုပ်သည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ပြန်လည်ထူထောင်ရေး၊ တရား ဥပဒေ စိုးမိုး ရေး ဆိုင်ရာကိစ္စ
ရပ်များ အတွက် ပြုလုပ်သည့်အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ရခိုင်လူမှု အဖွဲ့အစည်းများ၊မွတ်စလင်ဘာသာရေးအဖွဲ့အစည်းများ၊စုံစမ်း
စစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များနှင့် စာရေးဆရာကျော်ဝင်း၊ ဦးသူရ(ခ)ဇာဂနာတို့ လည်း တက်ရောက် ခဲ့ကြသည်။ 

ယင်းအဆိုကိုရသေ့တောင်မြို့နယ်လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စောဝေကအဆိုပြု ခဲ့ခြင်း ဖြစ် သည်။မြန်မာနိုင်ငံအတွင်း ရို
ဟင်ဂျာရှိတယ် မရှိဘူး၊ခိုးဝင်လာတာ မဟုတ်ဘူး ဆိုသည်နှင့် ဘင်ဂါလီ ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းများ အပေါ်တွင်မူ အလုပ်ရုံ
ဆွးနွေးပွဲ၌ အခြေအတင် အငြင်း ပွား ပြောဆိုခဲ့ကြကြောင်း သိရသည်။

ရွှေမြန်မာ

0 comments:

Post a Comment