Pages

Sunday, September 23, 2012

အထိုင်များသော အလုပ်ကြောင့် စောစောစီးစီး သေဆုံးစေနိုင်

 
တစ်ခါထိုင်ရင်သုံး-လေးနာရီကျော်ကြာတဲ့သူတွေကိုလေ့လာခဲ့ရာစောစောစီးစီးသေဆုံးနိုင်ခြေမြင့်မားနေတယ်
လို့လေ့လာမှုနှစ်ခုအရသိရပါတယ်။အမေရိကန်လေ့လာမှုအရတစ်နေ့ခြောက်နာရီထက် ပိုမိုထိုင်ပြီးလေ့ကျင့်
ခန်းမလုပ်တဲ့အမျိုးသမီးတွေကအချိန်မတိုင်မီစောစောသေဆုံးနိုင်ခြေ၇၀ရာခိုင်နှုန်းကျော်ပိုမိုမြင့်မားကြောင်း
၊အမျိုးသားတွေမှာတော့ အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်းပိုမိုမြင့်မားတာကို လေ့လာ
တွေ့ရှိရပါတယ်။။
။သြစတြေးလျ လေ့လာမှုအရ တစ်နေ့ ၁၁ နာရီကျော်ထိုင်တဲ့သူတွေက အချိန်မတိုင်မီ စောစောသဆုံးနိုင်
ခြေ ၄၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်းတွေ့ရှိရပါတယ်။လေ့လာမှုနှစ်ရပ်အရ လူတွေက အထိုင်များလေလေ
၊ဘဝသက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကိုတွေ့ရပါတယ်။


အထိုင်များသူတို့အတွက် ဖြေရှင်းနည်း

-အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ်ပေးဖို့ လိုပါတယ်။

-ဖုန်းကို ရပ်ပြီး ပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုး လုပ်ပါ။

-လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရာမှာအီးမေး၊ချက်တင်တွေနဲ့ ပြောမယ့်အစားသူတို့ဆီကို သွားရောက်
ပြီးပြောပါ။

- နာရီများစွာ ကြာကြာထိုင်ပြီး အလုပ်လုပ်မယ့်အစား မကြာခဏ ရေသောက်လိုက်၊ အိမ်သာသွားလိုက်(ဆီး
သွားလိုက်)လုပ်ပေးပါ။
 
Good Health Originally posted

0 comments:

Post a Comment