Pages

Sunday, September 23, 2012

မြန်မာမူးယစ်ရာဇာနှင်.စစ်ခေါင်းဆောင်က မဲခေါင်မြစ်တွင် "တရုတ်သင်္ဘောသားများအားသတ်ခဲ.သည်ဟု တရားရုံးတွင် ဖြောင်. ချက်ပေး"

 
အာရှလေဘာတီ စနေနေ.၊ စက်တင်ဘာ ၂၃၊ ၂၀၁၂

မူးယစ်ရာဇာနှင်လက်နက်ဂိုဏ်းခေါင်းဆောင်ဟုသင်္ကာမကင်းဖြစ်ခံရသောမန်မာပြည်မှရှမ်းလူမျိုး စိုင်းနော်
ခမ်းနှင်အပေါင်းအပါငါးဦးတို.သည်မနှစ်ကမဲခေါင်မြစ်ထဲတွင်တရုတ်သင်္ဘောသား၁၃ဦးကိုသူတိုသတ်ခဲသည်
ဟုတရုတ်ပြည်တရားရုံး၌ဖြောင်ချက်ပေးခဲ.ကြောင်းတရုတ်နိုင်ငံပိုင်သတင်းမီဒီယာများကယနေ.ကြေငြာသွား
သည်။ ၂၀၁၁အောက်တိုဘာတွင်ထိုင်းနိုင်ငံပိုင်နက်အတွင်းရှိမဲခေါင်မြစ်ထဲတွင်တရုတ်ကုန်တင် သင်္ဘောနှစ်စီးပေါ်
၌ တရုတ်သင်္ဘောသား ၁၃ ဦးသေဆုံးနေကြောင်းတွေ.ရှိခဲ.ပြီးနောက်ပိုင်း စိုင်းနော်ခမ်းကို ယခုနှစ် ဧပြီတွင် လာအိုနိုင်ငံ၌ဖမ်းဆီးရရှိခဲ.ပြီး တရုတ်နိုင်ငံသို.လွှဲပြောင်းပေးခဲ.သည်။

သူ.အားတရုတ်အစိုးရကလူသတ်မှု၊မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှု၊ပြန်ပေးဆွဲမှုနှင်အပိုင်စီးနင်းတိုက်
ခိုက်မှုတို.ဖြင်.စွဲချက်တင်ခဲ.သည်။ စိုင်းနော်ခမ်းမှာ ကွယ်လွန်သူ ဘိန်းရာဇာ ခွန်ဆာ၏ဖျက်သိမ်းလိုက်ပြီဖြစ်
သာမွန်တိုင်း(MongTai)တပ်ဖွဲ.မှအရာရှိဖြစ်ပြီးနောက်ပိုင်းတွင် ရှမ်းပြည်နယ်တာချီလိတ်အခြေပြု ပြည်သူ.စစ်
ခေါင်းဆောင်ဖြစ်လာကာထိုင်း၊လာအို.မြန်မာနိုင်ငံတို.ဆက်စပ်နေသောရွှတြိဂံနယ်မြေတွင် အင်အားကြီး
သော စစ်ခေါင်းဆောင်ဖြစ်လာသည်။

မူးယစ်ဆေးဝါးနှင်.လက်နက်မှောင်ခိုမှုတွင်ကျော်ကြားသောရွှေတြိဂံတွင်စိုင်းနော်ခမ်းသည် တန်ခိုးကြီးထွား
လာပြီးမည်.သည်.အစိုးရအာဏာပိုင်ကမှမထိန်းချုပ်နိုင်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ.သည်။

ယူနန်ပြည်နယ်ကူမင်းတရားရုံးကစိုင်းနော်ခမ်းနှင်အပေါင်းအပါငါးဦးတို.အား နောက်ရက်ပိုင်းတွင်မှ ပြစ်ဒဏ်
စီရင်ချက်အမိန်.ချမှတ်သွားမည်ဟု ၄င်းတို.ဖြောင်.ချက်ပေးအပြီးပြောဆိုခဲ.သည်။

ယခုကဲ.သို.ဖြောင်.ချက်ပေးကြောင်းသတင်းများထွက်လာခဲ.သော်လည်း မဲခေါင်မြစ်ထဲ တရုတ်သ င်္ဘောသား ၁၃ ဦးသေဆုံးခဲ.သည်.ကိစ္စမှာမူဆက်လက်ရူပ်ထွေးလျက်ရှိသည်။ ထိုင်းအာဏာပိုင်တို.က ထိုလူသတ်မှုတွင် ထိုင်းစစ်သားကိုးယောက်ပါဝင်နေသည်ဟုစွပ်စွဲပြစ်တင်ကြေငြာထားပြီး၎င်းတို.အားဆက်လက်စုံစမ်းစစ်ဆေး
နကြောင်းသိရသည်။


စိုင်းနော်ခမ်းအားယနေ.တရုတ် နိုင်ငံယူနန်ပြည်နယ် ကူမင်းတရားရုံးတွင်တွေ.ရစဉ်။
အာရှလေဘာတီ

0 comments:

Post a Comment