Pages

Sunday, September 23, 2012

နေအိမ်ခန်းအသွင်သုံးနိုင်မည့် ပေါင်တစ်သန်းကျော်တန် ဇိမ်ခံဘတ်စ်ကား

Volkner Mobile Performance Bus
 
နေအိမ်ခန်းတစ်ခုအသွင် အသုံးပြုနိုင်သော အဆင့်မြင့်နည်းပညာများ ပါဝင်သည့် Volkner Mobile Performance Bus ဟု အမည်ပေးထားသော ဇိမ်ခံဘတ်စ်ကားကြီး၏ တန်ဖိုးမှာ ပေါင်စတာလင် ၁ ဒသမ ၂ သန်းအထိပင်ရှိနိုင်ကြောင်း သိရသည်။အဆိုပါကားကြီးပေါ်တွင် အိပ်ခန်း၊ မီးဖိုခန်း၊ ဧည့်ခန်း၊ ရေချိုးခန်းနှင့် အခြား ဇိမ်ခံဖျော်ဖြေးရေးပစ္စည်းများ ပါဝင်သည်။ထို့အပြင်ပြိုင်ကားအရွယ်Ferrariသို့မဟုတ်Lamborghiniစူပါကားတစ်စီးကိုလည်းထည့်သွင်းသယ်
ဆာင်သွားနိုင်မည် ဖြစ်သည်။


အရှည် ပေ ၄၀ ရှိသော အဆိုပါဘတ်စ်ကားကြီးကို မှာကြားဝယ်ယူလိုသူများ အနေဖြင့် ကားပေါ်တွင် မိမိတို့ စိတ်တိုင်းကျ တပ်ဆင်ထည့်သွင်းလိုသည်များ၊မွမ်းမံပြင်ဆင်လိုသည်များကို ရွေးချယ်နိုင်ပြီး မိမိထည့်သွင်းသ
မျှ၊ မွမ်းမံပြင်ဆင်သမျှပေါ်မူတည်၍ ဘတ်စ်ကားတစ်စီးလျှင် ပေါင်စတာလင် ၇၅၀,၀၀၀ မှ ၁ ဒသမ၂သန်းအ
ထိကျသင့်မည်ဖြစ်သည်။လက်ရှိအချိန်တွင်ကမ္ဘာတစ်ဝန်းရှိ ချမ်းသာကြွယ်ဝသူများထံမှအမှာစာများကိုလက်
ခံရရှိထားပြီးဖြစ်ကြောင်း သိရသည်။

Planet Myanmar Media:

0 comments:

Post a Comment