Pages

Sunday, September 23, 2012

ငြိမ်းချမ်းရေး ငှက် (ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှသည် ပြည်မြန်မာငြိမ်းချမ်းရေးနေ့ အမှတ်တရ ကဗျာ)

Photo: ငြိမ်းချမ်းရေး ငှက်
------------------
ဟိုသည်ဝဲပျံ
တောင်ပံရိုက်ခတ်
ရပ်နားစေချင် ထိုငှက်အရှင်။

နားလိုက်ချင်သည်
ပြည်မြန်မာတွင်း စစ်ခင်းမဲ့ရာ
ဒေသသာမော ငြိမ်းလိုဇောဖြင့်
ဆုတောင်းထောပနာ ပြုသည်ကို။

နားခိုလိုသည်
ညီနောင်ထံပါး သားရင်းများနှင့်
တရားခြင်းထွေထွေ မျှတစေကြောင်း
ထပ်လောင်းမေတ္တာ ပြုပြီကို။

မြင်လိုလှသည်
ပြည်သာယာကြီး စစ်မီးငြိမ်းအေး
နွေးထွေးချစ်ခင် စည်ပင်တိုးတက်
ငြိမ်းချမ်းရေးငှက် နားပြီကို။

ခမ်းကီး
(ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှသည် ပြည်မြန်မာငြိမ်းချမ်းရေးနေ့ အမှတ်တရ ဖြစ်ပါစေ)

ငြိမ်းချမ်းရေး ငှက်
------------------
ဟိုသည်ဝဲပျံ
တောင်ပံရိုက်ခတ်
ရပ်နားစေချင် ထိုငှက်အရှင်။

နားလိုက်ချင်သည်
ပြည်မြန်မာတွင်း စစ်ခင်းမဲ့ရာ
ဒေသသာမော ငြိမ်းလိုဇောဖြင့်
ဆုတောင်းထောပနာ ပြုသည်ကို။


နားခိုလိုသည်
ညီနောင်ထံပါး သားရင်းများနှင့်
တရားခြင်းထွေထွေ မျှတစေကြောင်း
ထပ်လောင်းမေတ္တာ ပြုပြီကို။

မြင်လိုလှသည်
ပြည်သာယာကြီး စစ်မီးငြိမ်းအေး
နွေးထွေးချစ်ခင် စည်ပင်တိုးတက်
ငြိမ်းချမ်းရေးငှက် နားပြီကို။

ခမ်းကီး
(ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှသည် ပြည်မြန်မာငြိမ်းချမ်းရေးနေ့ အမှတ်တရ ဖြစ်ပါစေ)
 

0 comments:

Post a Comment