Pages

Sunday, September 23, 2012

VISA ကတ်ကို ပြည်တွင်းသို့ လာရောက်မည့် နိုင်ငံခြားခရီးသွားများသာ အသုံးပြုနိုင်ဦးမည်

မြန်မာနိုင်ငံတွင်မကြာမီအသုံးပြုနိုင်တော့မည့်VISAကတ်မှာ လတ်တလော ရေတိုကာလအတွင်း မြန်မာနိုင်
ငံအတွင်းသို့ဝင်ရောက်လာမည့်နိုင်ငံခြားခရီးသွားဧည့်သည်များသာ အသုံးပြုနိုင်ဦးမည်ဟု အဆိုပါကုမ္ပဏီ၏ အရှေ့တောင်အာရှ၊သြစတြေးလျနှင့် အိန္ဒိယဆိုင်ရာ Head of Coporate Relations ဖြစ်သူ Mr. Gary Hamilton Walker က ပြောခဲ့သည်။
''ရေရှည်မှာတော့ အားလုံးအသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာပါ''ဟု ၎င်းက ပြောကြားသည်။VISA ကုမ္ပ
ဏီသည် ကမ္ဘာ့အကြီးဆုံး ငွေပေးချေမှုကွန်ရက်ကို စီမံနေသော နည်းပညာကုမ္ပဏီကြီးဖြစ်ပြီး ကမ္ဘာအနှံ့တွင် အီလက်ထရောနစ် ငွေကြေးရွှေ့ပြောင်းမှုများ လုပ်ဆောင်ပေးနေသည့် ကုမ္ပဏီဖြစ်သည်။ 
 
ထိုသို့ငွေကြေးရွှေ့ပြောင်းမှုများကိုVISA၏ Credit Card၊  Debit Card ၊ Prepaid Card များကို သုံး၍ ရွှေ့ပြောင်းပေးခြင်းဖြစ်ပြီး ခရက်ဒစ်ကတ်ထုတ်လုပ်သည့် ကုမ္ပဏီမဟုတ်ဟု ဆိုပါသည်။
 
''ဒီနိုင်ငံမှာ VISA ကတ်ကို သုံးလကနေ ခြောက်လအတွင်း သုံးနိုင်တော့မယ်လို့ မျှော်လင့်ထားပါတယ်။ လက်ရှိမှာဗဟိုဘဏ်ကိုရော၊ပြည်တွင်းဘဏ်တွေအားလုံးကိုရောစီးပွားရေးစနစ်တစ်ခု ထူထောင်ဖို့ ပြောဆို
ဆွေးနွေးနေတာ တွေရှိနေပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသွားခဲ့သည်။
 
VISA ကွန်ရက်အနေနှင့် အင်တာနက်မှတစ်ဆင့် ငွေပေးချေနိုင်ခြင်း၊ ဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်ခြင်း၊ ကတ်ဖတ်စက်မှတစ်ဆင့်Contactlessစနစ်ဖြင့်ငွေပေးချေခြင်း၊ဖုန်းတစ်ခုမှတစ်ခုသို့ အချင်းချင်း ငွေပေးချေ
နိုင်ခြင်းစသည့်အီလက်ထရောနစ်စနစ်များစွာကိုအသုံးပြု၍ ငွေပေးချေနိုင်သော်လည်း မြန်မာပြည်တွင်းတွင်
ATMစက်ဖြင့်ချိတ်ဆက်အသုံးပြုခြင်းကအလွယ်ကူဆုံးဖြစ်မည်ဟုအဆိုပါကုမ္ပဏီမှ တာဝန်ရှိသူများက ပြော
ကြားခဲ့သည်။
EMG Media:

0 comments:

Post a Comment