Pages

Tuesday, September 25, 2012

ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရန် ကားပါကင်အတွက် လမ်းချဲ့သင့်ဟု မထသ အကြံပြု


ရန်ကုန်မြို့အားယာဉ်ကြောပိတ်ဆို့မှုမှကာကွယ်ရန်လက်ရှိလမ်းမများပေါ်တွင်ကားရပ်နားထားမှုများကြောင့်
ကားလမ်းကျဉ်းမြောင်းလာသဖြင့် ကားပါကင်အတွက် လမ်းများအား တိုးချဲ့သင့်ကြောင့်မထသ (ဗဟို)ကအ
ကြံပြုပြောကြားသည်။(၄)လမ်းသွား၊ (၆)လမ်းသွားကားလမ်းမများတွင်ကားရပ်နားခြင်းကြောင့်(၂)လမ်းသွား
၊ (၃)လမ်းသွား အဖြစ်သို့ ပြောင်းလဲနေကြောင်း ကိုလည်း သိရှိရသည်။

 ရန်ကုန်မြို့ကို အရင်က အင်္ဂလိပ်တွေက ပုံစံချပြီးဆောက်သွားခဲ့တာ၊ သူတို့တုန်းကကားအရေအတွက်၊ လူ
အရေအတွက်လည်း အဲ့လောက်မများသေးတော့ အဆင်ပြေတယ်၊ အခုဖြစ်နေတဲ့ ယာဉ်ကြော ပိတ်တဲ့ပြသ
နာတွေအတွက် ပလက်ဖောင်း ကို နာက်ဆုတ်မယ်၊ဘတ်စ်ကားရပ်ရမဲ့နေရာတွေမှာအတွင်းကိုတိုးချဲ့ထား
မယ်ဆိုရင် အဆင်ပြေနိုင်တယ်ဟု မထသ(ဗဟို)မှလုပ်ငန်းစစ်ဆေးရေး ဌာနခွဲမှူးဦးသိန်းဝင်းက ပြောသည်။
 
လမ်းများတွင်လမ်းဘေးတစ်လျှောက်တိုးချဲ့သွားလျှင်ဓါတ်တိုင်များ၊ဆက်သွယ်ရေးတိုင်များအတွက် ငွေကုန်
ကြေးကျ များနိုင်ခြင်းကြောင့်လမ်းများအားချဲ့ထွင်သင့်သည်နေရာတွင်သာချဲ့သင့်ကြောင်းပြောကြားခဲ့ခြင်း
ဖြစ်သည်။
 
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများမှာ ယခင်ထက် ပိုမို များပြားလာခြင်းတွေ့နေရပြီးဝန်ထမ်းများအနေ
ဖြင့်အလုပ် နောက်ကျခြင်း၊ အိမ်ပြန်နောက်ကျခြင်းတို့ ဖြစ်ပေါ်နေသည်။
 
ကားတွေကျပ်တာကတော့ အရမ်းဆိုးတယ်ဗျ၊ ကားကြပ်လို့လမ်းပြောင်းပြန် မောင်လာတဲ့ ကားတွေနဲ့တွေ့
ရင် အဲ့နားမှာ ကားတွေပိတ်နေရောညနေဆိုကျွန်တော်လှည်းတန်းမှာပိုဆိုးတယ်၊ လမ်းဘေးဈေးသည်တွေ
ကာ စားနေတဲ့လူတွေကောလမ်းသွားသွားနေတဲ့လူတွေကောနဲ့ ကားတွေ တော်တော်လေးကိုပိတ်နေတယ်
ဟု လှည်းတန်းဈေးအနီးတွင်နေထိုင်သော အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးက ပြောသည်။
 
ထိုကဲ့သို့ဝန်ထမ်းမျာအလုပ်နောက်ကျခြင်းယာဉ်ကြောပိတ်နေခြင်းများအတွက်မြို့ပတ်ရထားများအားအချိန်
တိတိကျကျခြင့် ပြေးဆွဲစေခြင်ကြောင်းကိုလည်း ဦးသိန်းဝင်းက အကြံပြုပြောထားသည်။
 
ယခုလက်ရှိရန်ကုန်မြို့၏မြို့ပတ်ရထားများမှာမိုးရွာလျှင်မိုးယိုခြင်း၊အချိန်မတိကျမှုများဖြစ်ပေါ်နေကြောင်းကို
လည်း ရထားစီးခရီးသည်များထံက သိရသည်။
 
ကျွန်တော် ကားတွေကျပ်လို့ဆိုပြီး မြို့ပတ်ရထားနဲ့မြို့ထဲကိုတစ်ခေါက်သွားတယ်၊ရထားလည်းစောင့်လိုက်ရ
တယ်၊ရထားပေါ်ရောက်တော့လည်းညစ်ပတ်နေတာပဲ၊မိုးကလည်းရွာနေတော့မိုးလည်းယိုသေးတယ်နောက်
တစ်ခေါက်ရထား စီးဖို့ဆိုရင်တော်တော်လေးစဉ်းစားရမယ်ဟုရန်ကုန်မြို့နေကိုဖိုးသားကပြောသည်။

မြစ်မခသတင်း
 

0 comments:

Post a Comment