Pages

Tuesday, September 25, 2012

လက်ငင်း၊ အရစ်ကျ၊ ဘဏ်ချေးငွေစနစ်များဖြင့် အိမ်စီးကားအပြင် လုပ်ငန်းသုံးကားမျိုးစုံ၊ ဘတ်စ်ကားနှင့် ယန္တရားများအထိရောင်းချမည့် "မဟာကားပြပွဲ" သုံးပွဲဆက်တိုက် ရန်ကုန်တွင် ကျင်းပမည်

 
အိမ်စီးကားအပြင်လုပ်ငန်းသုံးကား၊ဘတ်စ်ကားများမှစ၍ယန္တရားများအထိပါဝင်ရောင်းချမည့် မဟာကားပြပွဲ
သုံးပွဲဆက်တိုက်ကိုရန်ကုန်မြို့တွင်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ပြခန်းပေါင်း ၁၄၀၀ ကျော်အထိ ပါဝင်ပြသရောင်းချမည်ဖြစ်ပြီး လက်ငင်း၊ အရစ်ကျ၊ ဘဏ်ချေးငွေစ နစ်များဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ ၂၇ ရက် နေ့မှ ၃၀ ရက်နေ့အထိ ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်း (မြို့မကွင်း) တွင် ပြခန်းပေါင်း ၆၀၀ ကျော်ဖြင့် ပထမဆုံးပြပွဲအား စတင်မည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်မှ ၁၈ ရက် အထိ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ပြခန်းပေါင်း ၄၀၀ ကျော် ဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ပြခန်းပေါင်း ၄၀၀ ကျော် ဖြင့်လည်းကောင်း သုံးပွဲဆက်တိုက် ကျင်းပသွားမည်ဟု သိရှိရသည်။

ပြပွဲတွင်အိမ်စီးကားမျိုးစုံ၊လုပ်ငန်းသုံးကားမျိုးစုံ၊ဘတ်စ်ကား၊ယန္တရားနှင့်လုပ်ငန်းသုံး ယာဉ်ကြီးများကိုရာင်း
ချမည်ဖြစ်ပြီးဆက်စပ်ပစ္စည်းများဖြစ်သည့်ကားဘက်ထရီ၊ ကားတာယာ၊ စက်ဆီချောဆီအမျိုးမျိုး၊ အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများပါ ထည့်သွင်းရောင်းချမည်ဟု သိရသည်။
 
အမေရိကန်၊ ဥရောပ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ကားများအား အဓိကပြသ ရောင်းချမည်ဟု သိရသည်။
 
"MegaCarExpoခါင်းစဉ် နဲ့ သုံးပွဲလုပ်မှာ။ လက်ငင်း၊ အရစ်ကျနဲ့ ဘဏ်ချေးငွေစနစ် သုံးမျိုးစလုံးနဲ့ရောင်းမယ့် ကုမ္ပဏီတွေပါတယ်။

ကျပ်သိန်း၁၀၀၀န်းကျင်ကားတွေလည်းအများအပြားရာင်းကြမှာပါ"ဟုပပွဲကျင်းပရေးကော်မတီ တာဝန်ရှိ
သူတစ်ဦးက ပြောကြားခဲ့သည်။

ပါဝင်ပြသလိုသူများအနေဖြင့်ပပွဲဦးဆောင်ကျင်းပသည့်SmartBusinessGroupဖင့် ဆက်သွယ်နိုင်ပြီးပခန်းငှား
ရမ်းခမှာတစ်ခန်းလျှင် အနည်းဆုံး ကျပ် ၄ သိန်းခွဲမှ ကျပ် ၈ သိန်းခွဲအထိ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
 

-EMG

0 comments:

Post a Comment