Pages

Tuesday, September 25, 2012

ဖားကန့်မှာ (၈၈) မျိုးဆက် ရုံးစိုက်ပေးဖို့ ဒေသခံများတောင်းဆို

ဖားကန့်ဒေသခံပည်သူတွေက(၈၈)မျိုးဆက်ကျာင်းသားများအဖွဲ့ကိုဖားကန့်ဒေသမှာ ရုံးစိုက်ပေး
စချင်တယ်လို့ တောင်းဆိုကြတဲ့ အတွက် ပြည်သူတွေရဲ့ ဆန္ဒအတိုင်း စီစဉ်ပေးဖို့ရှိတယ်လို့ ရန်ကုန်
မို့က (၈၈) မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ
ကျာင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။ဒသခံပြည်သူတွေက(၈၈)လာပြီးတော့ရုံးစိုက်ပြီးတော့နေပေးစေချင်တယ်ဘာပဲဖြစ်ဖြစ် ကျွန်
တော်တို့ ရှိတယ်ဆိုရင် သူတို့လုံခြုံတယ်လို့ ခံစားရတယ်လို့ ပြည်သူတွေ၊ ဒေသခံတွေတောင်းဆိုတာ
ပါ။ အမြဲတမ်းကြီး ကျွန်တော်တို့ ရှိတိုင်းလည်း အာမတော့ ဘယ်ခံနိုင်ပါ့မလဲ။ တစ်ခုတော့ ရှိတာပေါ့။ သူတို့ရုံးခန်းနဲ့ဘာနဲ့စနစ်တကျလုပ်ချင်တယ်ဆိုရင်လည်း အားပေးရတာပေါ့။ ကျွန်တော်တို့ကလည်း ကိုယ့်အား ကိုယ်ကိုးနိုင်တဲ့ နည်းလမ်းမျိုးကို ကျွန်တော်တို့ ပိုပြီးတော့ပေးခဲ့ပါတယ်"

ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီနဲ့ ကိုမြအေးတို့က သူတို့သွားရောက်ခဲ့တဲ့ ကချင်ပြည်နယ်ခရီးစဉ်၊ ရခိုင်ပြည်နယ်ခရီးစဉ်၊ မုံရွာ လက်ပံတောင်းတောင် ခရီးစဉ်နဲ့ ကယားပြည်နယ် ခရီးစဉ်တို့ အကြောင်းကို ပြန်လှန်ပြောပြကြပါတယ်။

ကိုမင်းကိုနိုင်ဦးဆောင်တဲ့(၈၈)မျိုးဆက်ကျာင်းသားများအဖွဲ့ဟာဒီလ၁၆ရက်နေ့က၁၈ ရက်နေ့
အထိ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသကို ငြိမ်းချမ်းရေးခရီးစဉ်အဖြစ် သွားရောက်
ခဲ့တာ ဖြစ်ပါတယ်။
 
 
RFA(Burmese)

0 comments:

Post a Comment