Pages

Tuesday, September 25, 2012

ပဲခူးမြို့က အကျဉ်းထောင်မှူး အကျဉ်းသားကိုထိုးကြိတ်

ပဲခူးမြို့ အကျဉ်းထောင်မှာ ထောင်ကျနေသူ အကျဉ်းသား ဦးလှမိုးကို ထောင်မှူး ဦးကျော်စွာသင်းက ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့တဲ့အတွက် အကျဉ်းသားရဲ့ဇနီးဖြစ်သူ မခင်ကြည်ကြည်ချိုက ပဲခူးထောင် ညွှန်မှူး ဦးနိုင်ဝင်း၊ ဦးစီးအရာရှိ ဦးသိန်းစိုး၊ ထောင်ပိုင် ဦးဝင်းတင်တို့ကို မနေ့မနက်က တွေဆုံ တိုင်ကြားခဲ့ပါတယ်။

အဲဒီနောက် ပြည်တွင်းဂျာနယ်တချို့က သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲပြုလုပ်ခဲ့တယ်လို့ အကျဉ်းသားရဲ့ဇနီးဖြစ်သူ မခင်ကြည်ကြည်ချိုက RFA ကို ပြောပါတယ်။
"ကျွန်မမနေ့ကသူ့ကို ထောင်ဝင်စာသွားတွေ့တဲ့အခါကျတော့သူ့ပါးမှာ ဒဏ်ရာတွေတွေ့ရတယ်။ ထောင်
မှူး ဦးကျော်စွာသင်းက သူ့ကိုပါးသုံးချက်ရိုက်ပြီးတော့ လက်သီးနဲ့ ပါးကိုထိုးတယ်တဲ့။ မနေ့က ရဲမှူးကြီးဆီ
ကို လှမ်းပြီးတော့ အကြောင်းကြားတယ်။ ဒီမနက်ကို ထောင်ညွန်မှူးကြီးနဲ့လည်း သွားတွေ့တယ်။ သူတို့
သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီးတော့လုပ်ပေးမယ်ပေါ့။ကျွန်မကသက်ဆိုင်ရာအသီးသီးကိုတိုင်ကြားမယ်ပေါ့။
 လိုအပ်ရင်လည်း အမှုဖွင့်မယ်"
ထောင်အာဏာပိုင်တွေနဲ့ တွေ့ဆုံရာမှာ ပဲခူးထောင် ညွှန်မှူး ဦးနိုင်ဝင်းက အကျဉ်းသားဦးလှမိုးကို ထောင်မှူး ဦးကျော်စွာသင်းကရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်ဟာမှန်ကန်ကြောင်း၊မိမိတို့ဘက်မှ တာဝန်ပေါ့မှုကြောင့်ဖြစ်ကြောင်း
ထာင်မှုးကျော်စွာသင်းကိုအဆင့်ဆင့်စစ်ဆေးပြီးအရေးယူသွားမှာဖြစ်ကြောင်းပြောကြားခဲ့တယ်လို့ မခင်
ကြည်ကြည်ချိုနဲ့လိုက်ပါပြီးထောင်ညွှန်ကြားရေးမှူးနဲ့ တွေ့ဆုံခဲ့တဲ့ အလွတ်သတင်းထောက် ကိုသူရအောင်က RFA ကိုပြောပါတယ်။
"အဓိက ညွန်ကြားရေးမှူးက ဒီအမှုကို ထိထိရောက်ရာက် အရေးယူပေးမယ်။ ဘယ်လိုအရေးယူမှာလဲ၊ ဘယ်တော့အရေးယူမှာလဲ၊ တကယ်အရေးယူမှု ရှိ မရှိဆိုတာ ကျွန်တော်တို့ အရပ်သားတွေအနေနဲ့ ဘယ်လိုလုပ်သိနိုင်မလဲလို့ ကျွန်တော်ကမေးတော့ သူရေရေရာရာ မဖြေနိုင်ဘူး။ 
ဒါကဋ္ဌာနပိုင်းဆိုင်ရာလျှို့ဝှက်ချက်ဖြစ်လို့အရာရှိတစ်ယောက်ကိုဘယ်လိုအရေးယူတယ်ဆိုတာအပြင်ကို
ထုတ်ပြီးသူတို့ပြောလေ့ပြောထမရှိဘူးတဲ့။ယဘုယျသဘောအားဖြင့်သူတို့စုံစမ်းကြည့်တဲ့အခါကျတော့အ
ရာရှိ တစ်ယောက်က ဒီလိုအကျဉ်းသားတစ်ယောက်ကို လက်လွတ်စပယ် ရိုက်တဲ့ ပုတ်တဲ့ကိစ္စကတော့ အပြစ်ရှိတာမှန်ပေမဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးပြီးတဲ့အခါကျမှသာလျှင် သူ့မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီးတော့ ထိရောက်စွာ အရေးယူမယ်လို့ပဲ ဝေ့ဝိုက်ပြီးတော့ ပြောပါတယ်"
အကျဉ်းသားဦးလှမိုးဟာထောင်တွင်းရေသန့်စက်ရုံမှာ အလုပ်လုပ်နေသူဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်နေ့က မိန်းမဆောင်ဖက်ပို့ပေးရမယ့်ရေဗူးတွေအချိန်မီမရောက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ထောင်မှူး ဦးကျော်စွာ
သင်းရဲ့ ရိုက်နှက်ထိုးကြိတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
RFA(Burmese)

0 comments:

Post a Comment