Pages

Tuesday, September 25, 2012

ပြည်ခိုင်ဖြိုးပါတီတွင်း ပါတီဝင်အချို့ မညီညွတ်ခြင်း အပေါ်လမ်းညွှန်မှု ပေးခြင်းသည် မှားယွင်းသည့် လမ်းစဉ် မဟုတ်ဟု ဦးဋ္ဌေးဦး ဆို

ရန်ကုန်၊ စက်တင်ဘာ ၂၄

ပြည်ခိုင်ဖြိုးပါတီတွင်း ပါတီဝင်အချို့အချင်းချင်းမညီညွတ်ဖြစ် နေခြင်းအပေါ်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်
ဆုံးဖြတ်ချက်ဖြင့်လမ်းညွှန်မှုသွားရောက်ပြုပေးခဲ့ ခြင်းသာဖြစ်ကြောင်းပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေး
မှူး ဦးဋ္ဌေးဦးက ပြောသည်။
ယနေ့ပုသိမ်တွင် ပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးလွှတ် တော်အထူးလုပ်ငန်းရပ်များဆိုင်ရာအစည်းအ
ဝေးပွဲတွင်း တိုင်းဒေ သကြီးလွှတ်တော် ဥက္ကဋ္ဌဦးဆန်း ဆင့်ကဦးဋ္ဌေဦး၏ ညောင်တုန်းခရီးစဉ်အတွင်းပါတီဝင်
တို့အား ဖိအားပေး ပြောကြားခဲ့ခြင်းအား အပြင်းအထန် ကန့်ကွက်ကြောင်း သတင်းထွက် ပေါ်လာမှုကို ပါတီ အထွေထွေ အတွင်းရေးမှူးက ယနေ့ည ၇ နာရီခန့်တွင် ပြန်လည်ရှင်းလင်း ခဲ့သည်။

''ကျွန်တော်တစ်ယောက် တည်းသဘောနဲ့ ပြောတာမဟုတ်ဘူး။ဗဟိုအလုပ်အမှုဆောင်တစ်ခု လုံးရဲ့အစည်း
အဝေးဆုံးဖြတ်ချက် အရ ညီညီညွတ်ညွတ် နေကြဖို့ တစ်ယောက်နဲ့ တစ်ယောက်စည်းစည်းလုံးလုံးရှိဖို့  ပြော
ခဲ့တာပါ။ ထိခိုက်နစ်နာမှုတွေ ရှိခဲ့အောင်လို့ ဘယ်သူ့ကိုမှ ကြမ်းကြမ်းတမ်းတမ်း မပြောခဲ့ပါဘူး။ ဆဲဆဲဆိုဆို မလုပ်ခဲ့ဘူး''ဟု ဦးဋ္ဌေးဦးက ပြော သည်။

ပါတီဝင်များအား ပါတီခေါင်း ဆောင်တို့က လမ်းညွှန်မှုပြုပေးခြင်း သည် မှားယွင်းသောလမ်းစဉ်တစ်ခုမဟုတ်
ကြောင်း၊ မိမိပါတီဝင်တို့ ကိုခံစားမှုကို ရှေ့တန်းမတင်ဘဲညီညွတ်စေလိုကြောင်း၊ထို့အတွက် ကြောင့် ဒုတိယ
အကြိမ် ခေါ်ယူပြီး လမ်းညွှန်မှုပြုပေးခြင်းဖြစ်သည်''ဟု ဦးဋ္ဌေးဦးက ဆိုသည်။

''ဥပဒေနဲ့ အညီ အရေးယူ မယ်လို့ ကြားပါတယ်။ ဘာနဲ့ အရေးယူမှာလဲ ထိခိုက်နစ်နာအောင် လဲ မလုပ်ခဲ့ဘူး၊ ဒါက ပြဿနာ လည်းမဟုတ်ဘူး။ မှန်ကန်တဲ့ လမ်းကြောင်းရောက်အောင် ပြော ခဲ့တာပဲ။ တခြားပါတီတွေလဲ
ဒီလိုပဲ ပြောကြတာပဲ''ဟု ¤င်းက ထပ်မံကာ ပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့ က ညောင်တုန်းမြို့နယ် ညောင် တုန်းရိပ်သာတွင် ဦးဋ္ဌေးဦးက ဧရာဝတီတိုင်းဒေ
သကြီးတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းဒေသကြီးအဆင့်အစိုးရအဖွဲ့ ဝင်ပါတီဝင်များ တွေ့ဆုံပြော
ဆိုခဲ့ကြောင်း သိရသည်။

ပြည်ဖြိုး
ပေါ်ပြူလာဂျာနယ်

0 comments:

Post a Comment