Pages

Tuesday, September 25, 2012

တိုင်တန်းနစ် နှစ် (၁၀၀) အပြီး IMO ခရီးဆောင်ပုဒ်ဖြင့် ကမ္ဘာ့ ပင်လယ်ရေကြောင်းနေအခမ်းအနား ကျင်းပပြီးစီး

ရန်ကုန်၊ စက်တင်ဘာ (၂၄)ရက်

ယခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ (World Marine Day 2012) အထိမ်းအမှတ်ဆောင်ပုဒ်သည်‘တိုင်တန်း

နစ် နှစ် (၁၀၀) အပြီး IMO ခရီး’ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ ဖြစ်ကြောင်းသိရသည်။‘ကျွန်တော်တို့က နှစ်
စဉ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ် အနေနဲ့ ဆောင်ပုဒ်ရှိပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်က
တော့ တိုင်တန်းနစ် နဲ့ ပတ်သက်တာပါ’ ဟုရေကြောင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုနိုင်ကပြော
သည်။ အဆိုပါ ၂၀၁၂ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်း နေ့ အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ Park Royal တွင်ကျင်းပ၍ တိုင်တန်းနစ် အမှတ်တရ ဓါတ်ပုံမှတ်တမ်းများနှင့် အပြည်ပြည်ဆိုင်ရာ
ရေကြောင်းအဖွဲ့ချုပ်ဖြစ်စဉ်နှင့် လှုပ်ရှားမှု မှတ်တမ်းများအား ရှင်းလင်းပြသ ခဲ့ကြောင်းသိရသည်။

ယင်းအခမ်းအနားတွင် ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင် မှ အဖွင့်အမှာ
စကားပြောကြား၍ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် Country Manager BIJAY KARMACHARYA မှ အပြည်
ပြည် ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO)အတွင်းရေးမှူးချုပ် Mr.Koji Sekimizu ၏ ၀ဏ်လွှာအား ဖတ်ကြား
ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့  ကမ္ဘာကုလသမဂ္ဂဖွံဖြိုးမှု အစီအစဉ်မှ ဌာနေ ကိုယ်စားလှယ်၊ ပို့ ဆောင်ရေး ၀န်ကြီး
ဌာန လက်အောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများမှ ဌာနအကြီး အကဲများ၊ အရာရှိကြီးများ ၊ ရေကြောင်း ပညာတက္ကသိုလ် နှင့် ကောလိပ်တို့ မှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ 
 
ပုဂ္ဂလိက ဆိပ်ကမ်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အစည်းအရုံး၊ မြန်
မာနိုင်ငံ ပင်လယ်ကူး သဘောင်္သား အလုပ်သမား အဖွဲ့ ချုပ်နှင့်  မြန်မာ သဘောင်္သား ၀န်ဆောင်မှု လုပ်ငန်း
ရှင် များ အသင်းမှ ဥက္ကဌ နှင့် အဖွဲ့ ဝင်များ ၊ မြန်မာနိုင်ငံ ရေကြောင်း ဘက်ဆိုင်ရာ အဖွဲ့  အစည်း အသီးသီး
နှင့် သဘောင်္ ကုမ္ပဏီများမှ ဒေသခံကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်
ရောက်ခဲ့ကြကြောင်း သိရသည်။

အိမ်စည်စိုးစံ

0 comments:

Post a Comment