Pages

Thursday, August 2, 2012

ခရစ်ယာန်ဘာသာဝင်များအတွက် Edifi Tablet ကွန်ပျူတာ

ခရစ်ယာန်ဘာသာဝင်များအတွက် Edifi Tablet ကွန်ပျူတာ

ခရစ်ယာန်ဘာသာဝင်များအတွက် ရည်ရွယ်ထားသည့် Edifi အမည်ရှိ tablet ကွန်ပျူတာတစ်မျိုးကို ထုတ်လုပ်လိုက်ပြီး အမေရိကန်တွင် မကြာမီ စတင်ရောင်းချသွားမည်ဖြစ်သည်။ Android OS အသုံးပြုထားပြီး ၇ လက်မ screen အရွယ်အစားရှိသည့် အဆိုပါ tablet ကွန်ပျူတာကို ၁၄၉ အမေရိကန်ဒေါ်လာဖြင့် ရောင်းချသွားမည်ဖြစ်သည်။


Edifi tablet တွင် ခရစ်ယာန်ဘာသာဝင်များအတွက် သမ္မကျမ်းစာနှင့် ဘာသာရေးဆိုင်ရာ e-books များ အရန်သင့် ထည့်သွင်းထားပေးပြီး ခရစ်ယာန်ရေဒီယို အစီအစဉ်များကိုလည်း ချိတ်ဆက်နားထောင်နိုင်မည် ဖြစ်သည်။




ထို့အပြင် Wi-Fi ဖြင့် အင်တာနက်အသုံးပြုနိုင်သော Edifi တွင် ခရစ်ယာန်ဘာသာဝင်များ အနေဖြင့် ကြည့်ရှုရန် မသင့်တော်သော ဝက်ဘ်ဆိုက်များကို ပိတ်ပင်ထားသည့် web browser လည်းပါဝင်ကြောင်း သိရသည်။ HD screen အသုံးပြုထားသည့် အဆိုပါ  tablet ဖြင့် ရုပ်ရှင်၊ သီချင်းတို့ကို ကောင်းမွန်စွာ ကြည့်ရှုနားထောင်မည်ဖြစ်ပြီး social networking apps များကိုလည်း ထည့်သွင်းနိုင်မည်ဖြစ်သည်။


Planet Myanmar Media:

0 comments:

Post a Comment