Pages

Thursday, August 2, 2012

မကွေးတိုင်းဒေသကြီးတွင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ်စ က်ရုံ မီးလောင်ပေါက်ကွဲမှုကြောင့် ကျပ်သန်းပေါင်း နှစ်ထောင်ကျော်ဆုံးရှုံး

 ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်ရုံအတွင်းနေရာကိုတွေ့ရစဉ်
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှ ငါးမိုင်အကွာ၊ ရေတွင်းကျေးရွာအနီးရှိ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ်စက်ရုံတွင် ယနေ့(သြဂုတ် ၁ရက်) မွန်းလွဲမှ စတင်ကာ လေးနာရီကျော်အကြာ မီးလောင်ပေါက်ကွဲမှုကြောင့် တန်ဖိုး ကျပ်သန်းပေါင်း ၂၂၁၆ သန်းပျက်စီးဆုံးရှုံး
ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
အဆိုပါစက်ရုံမှာ စက်မှုဝန်ကြီးဌာန၊ စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ်စက်ရုံ(H2O2) ဖြစ်သည်။ဖြစ်
စဉ်မှာ စက်ရုံရှိ မိန်းယူနစ်အဆောက်အဦး၌ ဓာတုပစ္စည်းယိုစိမ့်မှုဖြစ်ပွားပြီး စက်လည်ပတ်ချိန်တွင် အပှုစွမ်းအားဖြင့်ဓာတ် ဓာတ်ပြု
ကာပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး ထွက်ပေါ်လာသော မီးခိုးငွေ့တန်းများနှင့် လေလမ်းကြောင်းသင့်ရာနေရာများတွင် နေထိုင်သူများမှာလွတ်
ကင်းရာသို့ ရှောင်ရှားနေကြရကြောင်း ဒေသခံတစ်ဦးဖြစ်သူ မစန်းစန်းဌေးက 7Day News သို့ပြောပြသည်။

အဆိုပါစက်ရုံပေါက်ကွဲမှုကြောင့် လူအသေအပျောက်မရှိဘဲ မီးလောင်ပေါက်ကွဲမှုကို ညနေ ခြောက်နာရီဝန်းကျင်တွင် မီးငြိမ်းသတ်
နိုင်ခဲ့ကြောင်း သိရသည်။

7days News Media:

0 comments:

Post a Comment