Pages

Thursday, August 2, 2012

၁၆ နှစ် ပြည့်ပြီးသူများ ဆိုင်ကယ်လိုင်စင် ရယူနိုင်

 သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ အသက် ၁၆ နှစ် ပြည့်ပြီးသူများ အင်ဂျင်ပါဝါ ၁၁၀ စီစီ နှင့်အောက် မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်များ လျှောက်ထား ရယူနိုင်ကြောင်း နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွန်ကြားမှုဦးစီးဌာန (ကညန)မှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။ ရန်ကုန် စည်ပင် နယ်နိမိတ်မှအပ ကျန်မြို့နယ်များအား ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။


“အဓိကတော့ တက္ကသိုလ် ကျောင်းသူ/ကျောင်းသားတွေ အဆင်ပြေဖို့ အတွက်ပါ။ သူတို့ အသက် ၁၈ နှစ် မပြည့်သေး တဲ့ ကာလမှာ ဆိုင်ကယ်တွေနဲ့ ကျောင်းတက် ကျောင်းဆင်း လုပ်ကြတဲ့အခါမှာ အဆင်ပြေအောင်လို့ပါ” ဟု ကညန မှ ဒု-ညွန်ကြားရေးမှူးချုပ် ဦးအောင်သွင် က ပြောသည်။

ယခင်က အသက် ၁၇ နှစ် ပြည့်ပြီးသူများကိုသာ ယာဉ်မောင်းသင်လိုင်စင် လုပ်ပေးခဲ့ပြီး ၁၈ နှစ်ပြည့်ပြီး ယာဉ်မောင်း သင်တန်း အောင်မြင်သူများကို ယာဉ်မောင်းလိုင်စင် ထုတ်ပေးခဲ့သည်။

ယခုမူ အသက် ၁၆ နှစ် ပြည့်ပြီးသူများ ယာဉ်မောင်းသင်လိုင်စင် ရယူပြီး ယာဉ်မောင်း သင်တန်း အောင်မြင်ပါက
မော်တော် ဆိုင်ကယ် စီးနင်းခွင့် လိုင်စင် ထုတ်ပေးမည် ဖြစ်သည်။ အသက် ၁၈ နှစ် ပြည့်ပြီးပါက ပုံမှန်အတိုင်း ၁၁၀ စီစီ နှင့် အထက် မော်တော်ဆိုင်ကယ်များအား စီးနင်းခွင့်ရှိမည် ဖြစ်သည်။

ယခု ပြည်တွင်းတွင် အစီးများသော မော်တော်ဆိုင်ကယ်များသည် တရုတ်နိုင်ငံလုပ် အင်ဂျင်ပါဝါ ၁၁၀ စီစီရှိ ဆိုင်ကယ်များဖြစ်ပြီး နယ်မြို့များတွင် အသုံးများသည်။

ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်များကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းများရှိ မြို့နယ် ကညန ရုံးများတွင် ထုတ်ပေးမည် ဖြစ်သည်။


ရန်ကုန်(မဇ္ဈိမ) 

0 comments:

Post a Comment