ဆင့် ကျောင်းသူကျောင်းသားတွေ အတွက် သင်ကြားပို့ချတဲ့ အရည်အသွေးကောင်းလာ
ဖို့ ဆိုတဲ့ ပုံစံမျိုးနဲ့ ပထမခြေလှမ်း အဖြစ် နိုင်ငံ
တကာတက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း မင်္ဂလာ မြန်မာ အဖွဲ့ရဲ့ ညွန်ကြားရေးမှူးဒေါက်တာဖုန်းဝင်းကပြောပါတယ်။
အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ရံပုံငွေအမြောက်အများလည်းလိုအပ်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လွှတ်တော်
အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှုးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်
ကလည်း တက္ကသိုလ်ပညာရေး နိုင်ငံတကာ အဆင့်မှီဖို့ ဆိုရင် တက္ကသိုလ်တွေကို ပညာရေးဝန်ကြီးဌာနရဲ့ ချုပ်ချယ်မှု ကနေ
လွတ်
လပ်
ခွင့်ပေးဖို့လိုတယ်လို့ဆွေးနွေးတင်ပြသွားပါတယ်။ထိုင်းအခြေစိုက် မြန်မာ့ပညာရေးသုတေသီ မောက္ခ မဂ္ဂဇင်း အယ်ဒီတာ ဦးသိန်းနိုင်ကလည်း မြန်မာနိုင်ငံမှာ ၁၉၆၀ခုနှစ် မတိုင်ခင်
ကာလတွေက လွတ်လပ်တဲ့ တက္ကသိုလ်များကောင်စီ၊ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ရှိခဲ့တယ်လို့ ပြောပါတယ်။
RFA (Burmese)
0 comments:
Post a Comment