Pages

Thursday, August 2, 2012

တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေး ဆွဲရန် ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြချက် အောင်မြင်

Photo: "တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေး ဆွဲရန် ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြချက် အောင်မြင်"

ဒေါ်အောင်ဆန်းစုကြည် က ပြင်ဆင်ရန် ဆွေးနွေးသော ရေးဆွဲပြီးသား ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်း ကို ဆွေးနွေးခြင်း ရွှေ့ဆိုင်း ပြီး လွှတ်တော်မှ ပြန် လည်ရေးဆွဲရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ပြော ကြားလိုက်သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ”ဒီဥပဒေကြမ်းကို ကျွန်မ အင်မတန် မှ စိတ်ဝင်စား ခဲ့တာကြောင့် လွှတ်တော်ကို စတက်ကတည်းက ဥက္ကဋ္ဌကြီးကို ပြည်သူ့လွှတ်တော် ဥပဒေ ၁ဝ(ခ)အရရော၊ ပြည်သူ့ လွှတ်တော်နည်း ဥပဒေ ၁၅၈ (င)အရ   ရော တင်သွင်းခဲ့ပါတယ်။ ဥပဒေ ကြမ်းတစ်ခုကို မည်သည့်အဆင့် ရောက်စေ ကာမူ ဥက္ကဋ္ဌကြီးရဲ့ သဘောတူညီချက်နဲ့ အဆိုတင် သွင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြင်ဆင် ချက်ဇယားအရပဲ ပြင်ဆင်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် ထည့်သွင်း ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ မလုံလောက်ပါဘူး။ တက္ကသိုလ် ပညာရေး နဲ့ပတ်သက်လို့ အများကြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချင်ပါတယ်။ ပြည်သူ့လွှတ်တော်ရုံး က နောက် ကျ သွားပြီဆိုတဲ့အတွက် ဆွေးနွေးခွင့် မရခဲ့ပါဘူး။ ဒီဥပဒေ တစ်ခု လုံးကို ပြန်လည်သုံးသပ်ဆွေး နွေးသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါကြောင့် ဥက္ကဋ္ဌကြီးနဲ့တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံးဟာ ဒီလို ပြည်သူ့ လွှတ် တော်ဥပဒေအရ၊ နည်းဥပဒေအရ ဖြစ်နိုင်ရင် ဥပဒေ တစ်ခုလုံးကို ပြန် လည်ဆွေးနွေးပြီးတော့ ဒီနိုင်ငံ၊ ဒီကာလနဲ့ ဒီကမ္ဘာကြီးနဲ့ ပိုပြီး သင့်တော်တဲ့ ဥပဒေကြမ်း တစ်ခု ဖြစ်ပေါ် လာရေးအတွက် လုပ်ဆောင်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က  ဒေါ်အောင် ဆန်းစုကြည်၏ တင်ပြချက်ကို လွှတ်တော်မှ အကောင်အထည် ဖော်ပေးမည်ဆိုပါက နည်းဥပဒေ ၁၅၈ အရ ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေ ကို   ရွှေ့ဆိုင်းပေး ရန် ကြားဖြတ် အဆိုတင်သွင်းသည်။ ထို့ပြင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဒေါ်တင်နွယ်ဦးက လက်ရှိဆွေးနွေး ပြီးသော အဆိုပါ ဥပဒေကို ကန့် ကွက်ကြောင်းနှင့် သူရဦးအောင်ကို ကလည်း ပညာရေးဝန်ကြီးဌာန၏ တင်သွင်းလာသော ယင်းဥပဒေ သည် ယနေ့ခေတ်နှင့် ဆီလျော်မှု မရှိသော ကြောင့် ပယ်ဖျက် သင့်ကြောင်း ပြော ကြားဆွေးနွေးခဲ့သည်။ ”မြန်မာနိုင်ငံ တက္ကသိုလ်များ ကို အစိုးရထိန်း ချုပ် သော ဗျူရို ကရေစီယန္တရားပုံစံ သွင်းခဲ့တာ ကြောင့် တစ်ချိန်က အာရှမှာ   အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာ့ ပညာရေးဟာ အဆင့်အနိမ့်ဆုံး အခြေအနေ ရောက်နေသည်မှာ နှစ်ပေါင်း ၅ဝ ခန့် ကြာမြင့်ပြီဖြစ်ပါ တယ်။ ဒါကြောင့် ပယ်ဖျက် သင့်ကြောင်း အလေးအနက်တင်ပြရ ခြင်း ဖြစ်ပါတယ်” ဟု သူရဦးအောင် ကိုက ဆိုသည်။ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ  မြအေးက ယင်းဥပဒေ အား ကျယ်ကျယ် ပြန့် ပြန့် ဆွေးနွေးစေချင်ကြောင်းနှင့် ၄င်းတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ စံချိန်မီ တက္ကသိုလ်များ အဆင့်မီစေရန် ကြိုးစားသွား မည် ဖြစ်ကြောင်း ပြောသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယင်းဥပဒေကို ပြည်သူ့ လွှတ်တော်မှ ပြန်လည်ရေး ဆွဲမည် ဖြစ်ကြောင်း၊   ပြန်လည်ရေး ဆွဲသည့် အခါ လွှတ်တော်တွင် ဖွဲ့စည်းထားသော ဥပဒေရေးရာနှင့် အထူးလေ့လာ သုံးသပ်ရေး ကော်မ ရှင်ရှိကြောင်း ပြောကြားသည်။ ယခု တင်သွင်းဆွေးနွေးနေ သော ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းသည် ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် စနစ်ကို အထောက် အကူပြုခဲ့သောဥပဒေကို အနည်းငယ် ပြင်ဆင် ထားသော ဥပဒေကြမ်း ဖြစ်ကြောင်း သူရဦးအောင်ကိုက လွှတ်တော်တွင် အတိအလင်းပြော ကြားခဲ့သည်။


0 comments:

Post a Comment