မုံရွာမြို့နယ်ဇလုပ်ကျေးရွာအနောက်ပိုင်းနေထိုင်သူ မောင်အောင်ဆန်းဝင်းအားမုံရွာစီးပွားရေးတက္ကသိုလ် ပြင်ပအဆောင်နေ ကျောင်းသားအချို့က ယမန်နေ့ညပိုင်းက ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။
ယင်းသို့ရိုက်နှက်မူကို မကျေနပ်သော ဇလုပ်ကျေးရွာ ဆရာတော်များနှင့် င့်ကျေးရွာသူကျေးရွာသား(၅၀)ခန့်သည် မုံရွာစီးပွားရေးတက္ကသိုလ်အနီး ပြင်ပဘော်ဒါဆောင်များတွင် ရိုက်နှက်သူများကို လိုက်လံရှာဖွေခဲ့ပြီး မုံရွာစီးပွားရေးတက္ကသိုလ်အနောက် ဘက်ရှိ အီကိုကင်းအမျိုးသားဘော်ဒါဆောင်အား ၀ိုင်းထားစဉ် မုံရွာမြို့နယ် မုံရွာအုပ်ချုပ်ရေးမှုး နှင့် တာဝန်ရှိသူ
မုံရွာမြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများရောက်ရှိလာပြီး ခအနေအားလုံးထိန်းသိမ်းနိုင်ခဲ့ကြောင်းသတင်းရရှိသည်။
သြဂုတ် ၁ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က မုံရွာစီးပွားရေးတက္ကသိုလ်အနောက်ဘက်ကျောက္ကာလမ်းမကြီးပေါ်တွင် ရိုက်နှက်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကာ ကျောင်းသားများဝိုင်းဝန်းရိုက်နှက်မှုခံရသော မောင်အောင်ဆန်းဝင်းကတရားလိုပြုလုပ်တိုင်ကြားသဖြင့်မုံရွာမြို့နယ် အမှတ်(၂)ရဲတပ်ဖွဲ့စခန်းက (ပ)(၃၃၉/၂၀၁၂)ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၂၅)အရ အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျက်ရှိသည်။
7Day News Journal
0 comments:
Post a Comment