Pages

Thursday, August 2, 2012

၂၀၁၃ ခုနှစ် Campari ပြက္ခဒိန်အတွက် ပင်နီလုပ်ခရုဇ် ဓာတ်ပုံအရိုက်ခံ

၂၀၁၃ ခုနှစ် Campari ပြက္ခဒိန်အတွက် ပင်နီလုပ်ခရုဇ် ဓာတ်ပုံအရိုက်ခံ

ကမ္ဘာပေါ်တွင် ဆွဲဆောင်မှု အားအကောင်းဆုံး ပြက္ခဒိန် တစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် Campari ပြက္ခဒိန်အတွက် ပင်နီလုပ်ခရုဇ်က ဓာတ်ပုံအရိုက်ခံခွင့် ရရှိခဲ့သည်။ 





လာဂျိုဗိုဗစ်ခ်ျနှင့် အိုလ်ဂါ ကူရီလန်ကို အစရှိသည့် မင်းသမီးများကဲ့သို့ပင် ယခုအခါ ခရုဇ်သည်လည်း Campari၏ မျက်နှာသစ် မင်းသမီး ဖြစ်လာခဲ့သည်။ သူမသည် (၂၀၁၃)ခုနှစ်ထုတ် ပြက္ခဒိန်အတွက် နာမည်ကျော် ဖက်ရှင် ဓာတ်ပုံဆရာ ခရစ္စတီနာ စကူလာနှင့် တွဲဖက် အလုပ်လုပ်ခွင့် ရလာခဲ့သည်။


အသက်(၃၈)နှစ်ရှိ မင်းသမီးသည် ကမ္ဘာသိ ဓာတ်ပုံအသားပေး ပြက္ခဒိန်အတွက် (၁၄)ဦးမြောက် ကိုယ်စားပြုခွင့်ရသော ကြယ်ပွင့်လည်း ဖြစ်လာသည်။ ပြီးခဲ့သည့်နှစ်က ကမ္ဘာ့အဆုံးသတ် Themeနှင့် မတူညီဘဲ (၂၀၁၃)ခုနှစ် ပြက္ခဒိန်သည် ဆွဲဆောင်မှုကို အားပြုကာ ခရုဇ်၏ ညှို့ဓာတ်ကို ပေါ်လွင်အောင် သရုပ်ဖော်မည်ဟု သိရသည်။




Vanilla Skyစတား ဟောလီးဝုဒ် မင်းသမီးသည် စကူလာနှင့် အချိန်အတန်ကြာ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် သူမနှင့် သင့်တော်မည့် ဖက်ရှင်ဒီဇိုင်းများကို ရွေးချယ်ခဲ့သည်။ ရိုက်ကွင်းတွင် ခရုဇ်သည် အနီရောင်ကိုသာ ဝတ်ဆင်ထားသော်လည်း ယင်းအရောင်ကိုပင် အဝတ်အစား အမျိုးမျိုး လဲလှယ်ခဲ့သည်ကို တွေ့ရှိရသည်။ 




ထို့အပြင် ခရုဇ်အတွက် စီးနင်းရန် ဖိနပ်အရန်ပေါင်း အတော်များများကို တန်းစီထားသည့် ဓာတ်ပုံများလည်း ထွက်ပေါ်လာသည်။ အဆိုပါ ဓာတ်ပုံ ရိုက်ကွင်းအား ခမ်းနားကြွယ်ဝစွာ တန်ဆာဆင်ထားသည့် စံအိမ်တစ်ခုတွင် စီစဉ်ခဲ့ပြီး ရွှေသားကွပ်ထားသည့် မှန်များ၊ လှပသည့် မီးဆိုင်းများနှင့် ခမ်းနားသည့် ဆိုဖာခုံများကိုလည်း နောက်ခံပြုထားကြောင်း သတင်းများက ဖော်ပြသွားသည်။ 

DailyMail,Planet Myanmar Media

0 comments:

Post a Comment