Pages

Friday, August 17, 2012

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ တည်ဆောက်နေတဲ့ အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းအတွက် တင့်ကားတွေ ရောက်လာပြီ

Local-News-image

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ တည်ဆောက်နေတဲ့ အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းမှာ အမြောက်
တင့်ကားတွေ ထားရှိနေပြီလို့ ဆိုပါတယ်။ “ညအချိန်မှာ ပစ္စည်းတွေတင်လာတာက အများကြီးဘဲ ကားကြီး
တွေဘဲ တွေ့ရတယ် ဘာတွေတင်လာတယ် ဆိုတာကတော့ မသိရဘူးပေါ့နော်။


ဘာဖြစ်လဲဆိုတော့ ကျနော်တို့က အနီးကပ် ကြည့်လို့မရဘူး နေ့ခင်းဘက်မှာတော့တင့်ကားတွေ လေးငါးစီး
တော့ လိုက်ပတ်မောင်းနေတာတော့ တွေ့နေရတယ်” လို့ ဖရူဆိုဒေသခံတစ်ဦးက ပြောပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ် ကာလအတွင်းမှာ ဒီစစ်ရေးလေ့ကျင့်ရေးကျောင်း တည်ဆောက် နေမှု ကိစ္စ
နဲ့ပတ်သက်ပြီးတော့ ခေတ္တရပ်ဆိုင်းထားဖို့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP တို့က ဆွေးနွေးထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ထပ် အဆောက်အဦးများ အုတ်မြစ်ချခြင်း၊ လိုင်ဂူများတူးဖော်ခြင်းများ ဆက်လက်လုပ်ဆောင်
နေရာမှ လက်နက်ခဲယမ်းတွေနဲ့ အမြောက်တင့်ကားတွေ ဖြည့်တင်းလာတယ်လို့ မျက်မြင်ဒေသခံတွေက ဆိုပါတယ်။

“အခု အထက်ကအမိန့်ကျလာတယ် နောက်ထပ် အိမ်အလုံး ၄၈ လုံး ထပ်ပြီး တည်ဆောက်ဖို့အတွက် ငွေ
တွေထပ်ကျပြီ အဲဒါ အခုအုတ်မြစ်တွေ ဘာတွေ ချပြီးလုပ်နေပြီ” လို့ လေ့ကျင့်ရေးကျောင်း ဆောက်လုပ်ရေး
နဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။လက်ရှိအဆောက်အဦး ၅၀ ကျော် တည်ဆောက်ထားပြီး ဒေသခံ
ပြည်သူတွေက အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းကို ဆန့်ကျင်ကန့်ကွက် နေကြလို့လည်း ဒေသခံတွေမှာ အနီးကပ်သွားလာခွင့် မရကြဘူးလို့ ပြောပါတယ်။

ဆောက်လုပ်ရေးဝန်ထမ်းတွေနဲ့ အလုပ်သမားတွေက ပြည်မဘက်မှ အလုပ်သမားတွေကို ခေါ်ပြီးအလုပ်
လုပ်နေကြပါတယ်။

“ကျနော်တို့ ဒီအနီးနားက ရွာသားတွေကို ပေးတောင်မဝင်ဘူး အထဲကို တကယ်လို့ သူတို့ ခေါ်တွေ့တာ
တောင်မှ အပြင်ဂိတ်မှာပဲ လာတွေ့ရတယ်” လို့ ဖရူဆိုကျေးရွာအုပ်စုမှ ကျေးရွာ ဥက္ကဌ တစ်ဦးက ပြောပါ
တယ်။

Myanmar 1

0 comments:

Post a Comment