Pages

Friday, August 17, 2012

မင်္ဂလာပါ ဒီမိုကရေစီ ရုပ်ရှင်ပွဲတော် ကျင်းပမည်


 ဒုတိယအကြိမ်မြောက် ကျင်းပမည့် လွတ်လပ်ခြင်းအနု ပညာရုပ်ရှင်ပွဲတော်ကို ]မင်္ဂလာပါ ဒီမိုကရေစီ}အ
မည်ဖြင့် ကျင်းပ မည်ဖြစ်ပြီး ရုပ်ရှင်ပွဲတော်နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကို ဖော်ညွှန်းဖွဲ့ဆိုသည့် ဂီတပွဲတော်ကိုပါ တစ်ပါတည်း ကျင်းပသွား မည်ဖြစ်ကြောင်း အဆိုပါပွဲတော် ဖြစ်မြောက်ရေးတာဝန်ခံတစ်
ဦး ဖြစ်သည့် ဇာဂနာကပြောသည်။


''မင်္ဂလာပါဒီမိုကရေစီ" ရုပ်ရှင်ပွဲတော်အတွက် မှတ်တမ်းရုပ်ရှင် (Documentary Film) ၊ ဇာတ်လမ်းတို (Short
 Film) ၊ အထူးပြု လုပ်ချက် (Animation) နှင့် ဓာတ်ပုံအက်ဆေး (Photo Essay ) တို့ ဖြင့် ရိုက်ကူးယှဉ်ပြိုင်နိုင် ပြီး ပြိုင်ပွဲဝင်ရုပ်ရှင်ကားများကို နိုဝင်ဘာ ၄ ရက် နောက်ဆုံးထား၍ ဗိုလ်အောင်ကျော်လမ်းရှိ Home ရုံးခန်းသို့ ပေးပို့ရမည်ဖြစ် ကြောင်း သိရသည်။ ပြိုင်ပွဲဝင် ဇာတ်ကားများကို အင်္ဂလိပ်စာ တန်းထိုးရမည်ဖြစ်ပြီး ၃၀ မိနစ် စာကြာမြင့် ချိန်သတ်မှတ်ထား သော်လည်း ရုပ်ရှင်ကား၏ အ ရည်အသွေးပေါ် မူတည်၍ အချိန် ကန့်သတ်ချက်ကို လျှော့ပေါ့ စဉ်း စားပေးမည်ဖြစ်ကြောင်း ရုပ်ရှင် ပွဲတော်ဖြစ်မြောက် ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နှစ်က လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်ဟုသာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် 'မင်္ဂလာပါ
ဒီမိုကရေစီ' ဟုခေါင်း စဉ်သတ်မှတ်ထားပြီး ယခုနှစ် တွင် ဗိုလ်ချုပ်အောင်ဆန်း၏ဂုဏ် ရည်ကိုဖော်ညွှန်းစပ်
ဆိုသော သီချင်းများကို ရေးသားယှဉ်ပြိုင် မည့် လွတ်လပ်ခြင်းဂီတပွဲတော် ကိုပါ ပူးတွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဂီတ ပွဲအတွက် ကိုယ်ပိုင်သံစဉ်စာသား များဖြင့် ရေးသားယှဉ်ပြိုင်ရမည် ဖြစ်ပြီး မြန်မာသံ
စဉ်နှင့်ဖြစ်စေ၊ ခေတ်ပေါ်ဂီတသံစဉ်နှင့်ဖြစ်စေ ယှဉ်ပြိုင်နိုင်ကာ နိုဝင်ဘာ ၄ ရက် နောက်ဆုံးထားပေးပို့ရ
မည်ဖြစ် ကြောင်း သိရသည်။

''ဗိုလ်ချုပ် သီချင်းဆိုရင် တစ်ခါလာလည်း ရာဇ၀င်အတ္တုပ္ပတ္တိလည်းရှိရမယ်ပဲ ဖြစ်နေတယ်။ ဒါကြောင့် ဗိုလ်ချုပ် ဂုဏ်ကိုဖော်ညွှန်းတဲ့သီချင်းလို့ အကြောင်းအရာသတ်မှတ်ထားတာ ပါ"ဟု ဇာဂနာကပြောသည်။
ယမန်နှစ်လွတ်လပ်ခြင်းအ နုပညာရုပ်ရှင်ပွဲတော်၏ ဆုချီးမြှင့် ပွဲကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၄ ရက် က တော်ဝင်စင်တာတွင် ကျင်းပ ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆုရရှိသူများကို ဆု ချီးမြှင့်ခဲ့သည်။ 
 
ယခုနှစ်တွင်မူ ဇာဂနာ၊ မင်းထင် ကိုကိုကြီးတို့က ဒိုင်အဖြစ် ဆောင် ရွက်မည်မဟုတ်ဘဲ ဖြစ်မြောက် ရေး
ကော်မတီအနေဖြင့်သာ ဆောင် ရွက်မည်ဖြစ်ပြီး အကဲဖြတ်ဒိုင်များအဖြစ် ဒါရိုက်တာ ကြည်ဖြူသျှင်၊ စာရေး
ဆရာ ချစ်ဦးညို၊ ဒါရိုက်တာဝိုင်း တို့က ဆောင်ရွက်မည်ဖြစ် ပြီး နောက်ဆုံးအဆင့်ကို ဒေါ်အောင်ဆန်းစု
ကြည်ကပင် အကဲဖြတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
 

Mizimma Media

0 comments:

Post a Comment