Pages

Friday, August 17, 2012

မြစ်ရေကြီးမှုကြောင့် ပိတ်ထားခဲ့သော ရန်ကုန် - မြ၀တီကားလမ်းကြောင်း ပြန်ဖွင့်

မြစ်ရေကြီးမှုကြောင့် အဝေးပြေးကုန်ကားများ ဖြတ်သန်းသွားလာမှု ယာယီရပ်ဆိုင်းခဲ့သော ရန်ကုန် - မြ၀တီ
ကားလမ်းကြောင်း သြဂုတ်လ ၁၇ ရက်တွင် ပြန်ဖွင့်ကာ ကားအချို့ဖြတ်သန်းသွားလာရပြီဖြစ်ကြောင်း ၄င်း
ဂိတ်များမှ သိရသည်။
“အခု မြ၀တီဘက်မှာ ရေပြန်ကျနေပါပြီ။ဂျိုင်းရွာ နဲ့ကျုံဒိုးရွာ တံတားလည်း ကားသွားလို့ရနေပြီအရင် ရေကြီး
တဲ့ ရက်တွေက အဲ့ဒီတံတားပေါ်ကားတွေ ဖြတ်လို့မရဘူး” ဟု ရန်ကုန် မြ၀တီကုန်စည်ပို့ဆောင်ရေး အဝေး
ပြေးဂိတ် မှတာဝန်ရှိသူတစ်ဦးကပြောသည်။ 


ရန်ကုန်မှ မြ၀တီသို့ သွားရာ၌ အဆိုပါတံတားအားဖြတ်သွားရခြင်းဖြစ်ပြီး ယခုအခါမြို့ပေါ်ရေလျှံတက်မှု
လျော့နည်း လာခြင်းကြောင့် ၄င်းတံတားအား ယမန်နေ့ ညမှစတင်၍ ကုန်ကားများအား တစ်စီးခြင်းစီအနည်း
ငယ်ခြား၍ ဖြတ်သန်းခွင့်ပြုလာကြောင်းသိရသည်။

သို့သော်ပုသိမ်မြို့ပေါ်သို့ ရေလျှံတက်မှု လျော့နည်းခြင်းမရှိသေးသောကြောင့် ည ၈နာရီမှ မနက် ၅နာရီ
အတွင်း ကုန်ကားများ မြို့တွင်းသို့ဝင်ရောက် ခွင့်တားမြစ်ထားခြင်းအား ရုပ်သိမ်းခြင်းမရှိသေးကြောင်းသိရသည်။

ပဲခူးနှင့် မော်လမြိုင်မြို့ရေကြီးခြင်းများဖြစ်ပေါ်ခဲ့သော်လည်း ကုန်ကားများသွားလာခြင်းအား ထိခိုက်မှုမရှိ
ကြောင်း သိရသည်။
 
Popular Myanmar Media:

0 comments:

Post a Comment