Pages

Friday, August 17, 2012

ဘန်ကောက်ဆေးရုံမှာမျက်နှာခွဲစိတ်မယ့် အကြောင်းပြောတဲ့ ကျော်ကျော်ဗိုလ်


ကျော်ကျော်ဗိုက ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ ‘ခွချက်(စ်)’ ဒီဗီဒီ ဇာတ်ကားမှာ ခိုင်သင်းကြည်၊ စန္ဒီမြင့်လွင် တို့နဲ့ သရုပ်ဆောင် ခဲ့ တဲ့ ကျော်ေ ကျာ် ဗိုက ဒီဇာတ်ကား မှာ မျက်နှာများ သူတစ်ယောက်အဖြစ် သရုပ် ဆောင် ထားပြီး ညီအစ်မနှစ်ယောက်ကို တစ် ပြိုင်နက် ချစ်မိ သွားေ အာင် တစ်လှည့် စီတွဲရတဲ့ အကြောင်း ရိုက်ကူးထားတဲ့ ဟာသ ဖန်စီ ဇာတ် ကား ပဲဖြစ်ပါတယ်။ 

 ‘ခွချက်(စ်)’ ဇာတ်ကားနဲ့ ပတ်သက်ပြီး ကျော်ကျော် ဗိုက..“ဒီဇာတ်ကားမှာ အမှတ်တရက ထွေထွေထူးထူး
တော့မရှိခဲ့ပါဘူး။ ရိုက်ရ တာလည်းတစ်နှစ်ကျော်သွားပြီ။ ချောင်းသာမှာ ပျော် ပျော်ပါးပါးသွားရိုက်ကြတယ်။

ဇာတ်သဘော အရ အဝတ်အစား ကမန်းကတန်းပြောင်းတာ တို့၊ အဝတ်အစား ပိုင်း တင်မကဘူး မျက်နှာ
ပိုင်း ဆိုင်ရာ ရုပ်မ တူေ အာင်ပြောင်း တာတို့၊ လုပ် စရာတွေက အများကြီး ရှိပါတယ်။ ဒါပေ မဲ့ ပေါ့ပေါ့ ပါးပါး လည်းဖြစ်သွားအောင် လုပ်နေ ကျပုံစံ မလုပ်ချင်တော့ ဘူး။ အဝတ်အစား ပြောင်း၊ မျက်မှန်တပ်၊ နှုတ်ခမ်းမွေး
အတုတွေ တပ်တာကို မလုပ်ချင်တော့ဘူး။ပေါ်တင် လိမ်တယ်ကွာဆိုပြီး ပါးပါးလေး ပဲခွချက်(စ်) တဲ့ပုံစံလေး လုပ်လိုက်တာပါ။

သီချင်းလေးကလည်း ကုလားသီချင်းဖြစ်တော့ မျက်လုံးထဲမှာလည်း ဘောလီးဝုဒ်ကမင်းသားတွေကတာ မြင်
ထား တော့ မရိုက်ခင် တိုင်ပင်ပြီး ကခဲ့ကြပါတယ်” လို့ပြောပြီး သရုပ်ဆောင် တဲ့အချိန် တုန်း က လည်း ပျော်
ရပြီး ပရိသတ်တွေလာကြည့်ရင် လည်း ပျော်ရ မယ့် ဇာတ်ကားဖြစ်ကြောင်း ကျော်ကျော်ဗို ကပြောပါတယ်။

ကျော်ကျော်ဗို က ဥရောပ ခရီးစဉ်မှာ ရိုက်လာခဲ့တဲ့ ဘောလုံး ကွင်းရုပ် သံမှတ်တမ်း ကိစ္စ၊ ကြော်ငြာ ကိစ္စ၊ တီဗီ ရုပ်သံလိုင်း မှာ လွှင့်မယ့် အစီအစဉ် ကိစ္စ တွေ ကို ရှေ့နောက်စီပေး ဖို့နဲ့ တည်းဖြတ်တာ တွေလုပ် နေရ
ပြီး အလုပ်ရှုပ်နေ တဲ့အတွက် သြဂုတ်လ ကုန်မှပဲ ဗီဒီယို ဇာတ်ကားတွေပြန် ရိုက်တော့ မှာ ဖြစ်ကြောင်းပြော
ပါတယ်။

နှင်း ဆီအဖွဲ့ခရီးသွား မှတ်တမ်းကို တီဗီရုပ်သံ လိုင်းတစ်ခုမှာ ထုတ်လွှင့်ပြသမယ့် အကြောင်း ကို ကျော်
ကျော်ဗိုက . . . “တီဗီ ရုပ်သံမှာ လွှင့်မယ့်အကြောင်းက ကျွန်တော်နဲ့ နေတိုးနဲ့ ဟိုမှာ Documentary ရိုက်ရင်း
 ကင်မရာ တစ်ယောက် တစ်လုံးစီ ပါ နေတော့ လည်း လမ်းလျှောက်ရင်းပဲဖြစ်ဖြစ်၊ ကားစီးရင်းပဲဖြစ်ဖြစ် အ
ပျော်ပဲလျှောက် ရိုက်မိ နေတယ်။ လျှောက်ရိုက်နေ ရင်းနဲ့မှ ဒီမင်း သား တွေ ၊ အဆိုတော်တွေ ၊ မင်းသမီးတွေ
ရဲ့ အပြင် ဘဝလေးတစ်ခုက ကင်မရာထဲ ကအရုပ်ထဲမှာ ပါလာကြတယ်။

မင်းသား ဟန်မရှိဘူး။ မင်းသမီး ဟန်မရှိဘူး။ အဆိုတော် ဟန်မရှိဘူး။ လွတ်လွတ် လပ်လပ် ကလေးတွေလိုပဲ
ဆော့ ကြတယ် ၊ ပျော် ကြတယ်။ ဒါက ဗီဒီယိုအခွေ အဖြစ်ထုတ်လို့လည်း အဆင်မပြေနိုင်ဘူး။

တီဗီကလွှင့်ရင် ပရိသတ်တွေလည်း ဒီလိုလွတ် လပ်မှုမျိုး၊ ဟန်ဆောင် မှုမရှိတာမြင်စေ ချင်လို့ လွှင့်ဖြစ်တာပါ
” လို့ပြောပြီး ဘယ် ရုပ်သံလိုင်း က လွှင့်ဖြစ်မလဲဆိုတာကို စဉ်းစားတုန်း ပဲဖြစ် ကြောင်းပြော ပါတယ် ။

ကျော်ကျော် ဗိုက ရှေ့ တစ်ပတ်ထဲမှာ ကျန်းမာရေးစစ်ဆေးမှုပြုလုပ် ဖို့နဲ့ မျက်နှာပေါ်က အဆီကျိတ် တစ်ခု
ကို ခွဲ စိတ်ဖို့အတွက် ဘန်ကောက်ဆေး ရုံကို သွားပြ မှာဖြစ်ပါတယ်။ အရင်တုန်းက ဒီလိုမျိုး တစ်ခါမှမလုပ်ခဲ့
ဖူးဘဲ ပထမဦးဆုံး အကြိမ်လုပ် မှာဖြစ်ကြောင်း၊ ဆေးရုံမှာ ၂ ရက်၊ ၃ ရက် လောက်တော့ နေရမှာဖြစ်ကြောင်း
ကျော် ကျော်ဗိုကပြောပါတယ်။

Popular Myanmar Media:

0 comments:

Post a Comment