Pages

Friday, August 17, 2012

မကွေးမြို့တွင် အမျိုးသမီးများ ဦးဆောင်သော ဖဲဝိုင်း ဖမ်းမိ


မကွေးမြို့နယ် အတွင်း ဖဲရိုက်လောင်းကစား ပြုလုပ်နေသည့် အမျိုးသမီးအဖွဲ့နှင့် အမျိုးသား တစ်ဦးကို သက်
ဆိုင်ရာ ရဲတပ်ဖွဲ့မှ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ သက်သေခံဖဲချပ်များနှင့် အတူ လောင်းကြေးငွေများ
ပါ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ သည်ဆိုမှု ဩဂုတ်လ ၄ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါနေ့ ညနေ ၅ နာရီ မိနစ် ၃၀ အချိန်က မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် မြင့်စိုးနှင့်အဖွဲ့ သည် နယ်
မြေခံ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်အောင်စိုး၏ အဖွဲ့တို့ဖြင့် ပူးပေါင်းပြီးသက်သေများ
နှင့်အတူ မကွေးမြို့ ဦးကောမင်းရပ်၊ လမ်း (၅) သွယ်ထောင့်ရှိ၊ ရွှေလရောင် စားသောက်ဆိုင် နောက်ဖေးခန်း
၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းရရှိခဲ့သည်။

ခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဝရမ်း အမှတ် ၁၈/၁၂ ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ အမျိုးသမီးရှစ်ဦးနှင့်အမျိုး
သားတစ်ဦး စုစုပေါင်းကိုးဦးအားအဆိုပါအခန်း၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေစဉ် ဖဲချပ် (၁၀၈) ချပ်၊ ဖဲ
လောင်းကစား ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေ စုစုပေါင်း ၁၂၃,၇၅၀ ကျပ် တို့အား သိမ်းဆည်းရမိ
ခဲ့ပြီး မဝင်းပပ အပါကိုးဦးအား အရေးယူပေးပါရန် တိုင်တန်းခဲ့ရာ မကွေးမြို့နယ် မြို့မရဲ စခန်းက (ပ)၁၉၅/၁၂
လောင်းကစား ပုဒ်မ ၁၃(က)/၁၄(က) ဖြင့် အမှုဖွင့်ထားကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းသိရသည်။


7days News

0 comments:

Post a Comment