သေးစားလေးများသည် ကားပါကင်ထိုးသည့်အခါ နေရာကျဉ်းမြောင်းစေရန် ကားကိုယ်ထည်ကို ခေါက်သိမ်း
သေးငယ်သွားစေမည်ဟု သိရှိရသည်။
MIT၏ Changing Places သုတေသန အုပ်စုသည် DENOKINNနှင့် ပူးပေါင်းပြီး Hiriko Foldအမည်ရှိ သဘာ
ဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်ရွယ်ချက်နှင့် ကိုက်ညီသော မော်တော်ကားလေးများကို စတင် ဖန်တီး
နေပြီ ဖြစ်သည်။
Hiriko Foldသည် သေးငယ် ကျစ်လစ်သော လျှပ်စစ်ကားလေး တစ်မျိုးဖြစ်ပြီး အသေးငယ်ဆုံး ပါကင် မြေ
နေရာအတွက်ပင် အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားသည်။ အကယ်၍ ပါကင်ထိုးရမည့် နေရာသည် ကား
အရွယ်ထက် ပိုသေးနေပါက ကားကို အရွယ်အစား ပိုမိုသေးငယ်အောင် ညှစ်ယူခေါက်သိမ်းနိုင်မည် ဖြစ်
သည်။
နှစ်ယောက်စီး ကားငယ်လေးများသည် လျှပ်စစ်အား အပြည့်သွင်းထားပါက (၇၅)မိုင်ထိ ခရီးပေါက်အောင်
မောင်းနှင်နိုင်သည်။ ကားငယ်လေးများကို (၂၀၁၃)ခုနှစ်တွင် စတင်ရောင်းချမည်ဖြစ်ပြီး တစ်စင်းလျှင် ပေါင်
စတာလင် တစ်သောင်းမျှ ဈေးနှုန်းကျသင့်ဖွယ်ရှိသည်။
"Hiriko မော်တော်ကား စီမံကိန်းလို ပရောဂျက်တွေဟာ အကျပ်အတည်း ကာလမှာ တကယ့်ကို အရေးပါတဲ့
ဖြေရှင်းမှုတွေ ဖြစ်လာနိုင်ပါတယ်။
ဒါဟာ စီးပွားရေး လုပ်ငန်းသစ်တွေအတွက် အခွင့်အလမ်းကောင်း ဖြစ်သလို အလုပ်အကိုင် နေရာတွေလည်း တိုးပွားလာစေမှာပါ။ နောက်ပြီး Hirikoဟာ မြို့ပြ ကူးသန်းသွားလာရေး နယ်ပယ်မှာလည်း အများကြီး အကျိုး
ဖြစ်ထွန်းစေမယ့် ခြေလှမ်းသစ်လို့ ပြောနိုင်ပါတယ်"ဟု ဘာရိုဆိုက ပြောကြားသွားသည်။
DailyMail,Planet Myanmar Media:
0 comments:
Post a Comment