မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို) ရဲ့  ၂ဝ၁၂ ခုနှစ် အမှုဆောင်သစ် ရွေးချယ် တင်မြှောက်ပွဲကို ရန်ကုန်
မြို့ ဝင်္ကပါလမ်းမှာ ရှိတဲ့ ဂီတ အစည်းအရုံး မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အရင် နှစ်တွေက ဂီတ အနုပညာရှင် အလွှာ ၅ လွှာ က ကိုယ်စားလှယ်တွေကို ရွေးချယ်ခဲ့ရာကနေ ဒီနှစ်မှာ
တော့ ခေတ်သစ်ဂီတ အလွှာဆိုပြီး အရွေးချယ်ခံမယ့် ကိုယ်စားလှယ် အလွှာတလွှာ တိုးလာပါတယ်။
ခေတ်သစ်ဂီတ အလွှာကို ဂီတ အစည်းအရုံးမှာ ထည့်သွင်းပေးဖို့အတွက် အနုပညာရှင်တွေက နေပြည်တော်
ခေတ်သစ်ဂီတ အလွှာကို ဂီတ အစည်းအရုံးမှာ ထည့်သွင်းပေးဖို့အတွက် အနုပညာရှင်တွေက နေပြည်တော်
က ပြည်သူ့လွှတ်တော်ကို ဇူလိုင်လ ၁၁ ရက်နေ့မှာ
သွားရောက် တင်ပြခဲ့ကြပါတယ်။
ဂီတအလွှာသစ် ထည့်သွင်း ဖွဲ့စည်းရေးကို လက်မခံနိုင်ကြောင်း ဂီတ အစည်းအရုံးက အကြောင်းပြန်ခဲ့ပြီး
ဂီတအလွှာသစ် ထည့်သွင်း ဖွဲ့စည်းရေးကို လက်မခံနိုင်ကြောင်း ဂီတ အစည်းအရုံးက အကြောင်းပြန်ခဲ့ပြီး
နောက် အစည်းအရုံး
တာဝန်ရှိသူတွေနဲ့ အလွှာသစ်အတွက် တောင်းဆိုကြတဲ့ အနုပညာရှင်တွေ ဆွေးနွေး
ညှိနှိုင်းပြီး အခုလို အလွှာသစ်ကို လက်ခံခဲ့တာ ဖြစ်ပါတယ်။
ခေတ်သစ် ဂီတအလွှာ အနေနဲ့ အမှုဆောင် ကိုယ်စားလှယ် ၃ ဦး ရွေးချယ်ရမှာ ဖြစ်ပြီး ကျန်တဲ့ ဂီတအလွှာ
ခေတ်သစ် ဂီတအလွှာ အနေနဲ့ အမှုဆောင် ကိုယ်စားလှယ် ၃ ဦး ရွေးချယ်ရမှာ ဖြစ်ပြီး ကျန်တဲ့ ဂီတအလွှာ
၅ လွှာက အမှုဆောင် ကိုယ်စားလှယ် ၅ ဦးစီ ရွေးချယ် ပေးရမယ်လို့ သိရပါတယ်။
RFA (Burmese)
0 comments:
Post a Comment