Pages

Wednesday, August 22, 2012

ရန်ကုန်အပါအဝင် တိုင်းဒေသကြီး ၅ ခုတွင် လျှပ်စစ်မီးပြတ်တောက်မည်


ရန်ကုန်အပါအဝင် တိုင်းဒေသကြီး ၅ ခုတွင် လျှပ်စစ်မီးပြတ်တောက်မည်


ပဲခူးတိုင်းဒေသကြီးအတွက် ဓာတ်အားတိုးချဲ့ဖြန့်ဖြူးနိုင်ရန် မဟာဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံ ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပြည်နယ်နှင့်တိုင်းဒေ
သကြီး ၅ခုရှိ မြို့နယ်အချို့တွင် ဓာတ်အားဖြတ်တောက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်းအမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သြဂုတ် ၂၅ ရက် နံနက် ၆ နာရီမှ ၂၈ ရက် ညနေ ၆ နာရီအထိ ဓာတ်အားပိတ် ဆောင်ရွက်မည်ဖြစ်ရာ ထို
နေ့များတွင် မနက် ၆ နာရီမှ ည ၉ နာရီအတွင်း ဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၏ နေရာအချို့တွင်
လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီးအား ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရန်နှင့် သုံးစွဲဓာတ်အား ပြည့်မီစေရန်အတွက်အမှတ်

(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနသည် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ တည်ဆောက်လျက်ရှိသည့်၂၃၀
ကေဗွီ မင်းလှပင်မဓာတ်အားခွဲရုံအား ဓာတ်အားပို့လွှတ်ကာ ၂၃၀ ကေဗွီရွှေတောင်-မြောင်းတကာ မဟာ
ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ရန်အတွက် လျှပ်စစ်မီးဖြတ်
တောက်ရခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကဆိုသည်။

 7Day News Journal

0 comments:

Post a Comment