သတင်းလွတ်လပ်ခွင့်ကော်မတီက ရန်ကုန်မြို့တော်ခန်းမရှေ့ လူ(၁၅၀) ဝန်းကျင် စုရုံးဆန္ဒပြဖို့ လျှောက်ထား
တာကို အခြားနေရာ ပြောင်းရွှေ့ ဆန္ဒပြပေးဖို့ ကျောက်တံတားမြို့နယ် ရဲစခန်းတာဝန်ရှိသူတွေက ဒီကနေ
့ တောင်းဆို လာကြောင်း သိရပါတယ်။ဆန္ဒပြခွင့်ရဖို့ မနေ့က လျှောက်ထားအပြီး အခုလို ညှိနှိုင်းလာတာဖြစ်တယ်လို့ဗီးနပ်စ်ဂျာနယ်တာဝန်ခံအယ်ဒီ
တာ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။
ပြည်တွင်းဂျာနယ်တွေကို အစိုးရဝန်ကြီးဌာနတွေက တရားစွဲဆိုလာတာမျိုး စာနယ်ဇင်းသမားတွေကို နှိပ်
ပြည်တွင်းဂျာနယ်တွေကို အစိုးရဝန်ကြီးဌာနတွေက တရားစွဲဆိုလာတာမျိုး စာနယ်ဇင်းသမားတွေကို နှိပ်
ကွပ်လာတာ မျိုးတွေ ပေါ်ပေါက်ပြီးနောက် သတင်းသမားတွေစုဝေးပြီး အခုလို ဆန္ဒပြဖို့ ပြင်ဆင်လာကြတာ
ဖြစ်ပါတယ်။
ဆန္ဒပြခွင့်ရ/မရ သြဂုတ်လ(၂၄)ရက်နေ့မှာ သိရမှာဖြစ်ပြီး ခွင့်ပြုချက်ရမယ် ဆိုရင် (၂၈)ရက်နေ့မှာ ဆန္ဒပြကြ
ဆန္ဒပြခွင့်ရ/မရ သြဂုတ်လ(၂၄)ရက်နေ့မှာ သိရမှာဖြစ်ပြီး ခွင့်ပြုချက်ရမယ် ဆိုရင် (၂၈)ရက်နေ့မှာ ဆန္ဒပြကြ
မှာဖြစ် ပါတယ်။
အဲဒီလိုဆန္ဒပြရာမှာ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ သတင်းလွတ်လပ်ခွင့်ရဖို့ ၊ ကျင့်ဝတ်နဲ့အညီ ရေးထားတဲ့သ
အဲဒီလိုဆန္ဒပြရာမှာ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ သတင်းလွတ်လပ်ခွင့်ရဖို့ ၊ ကျင့်ဝတ်နဲ့အညီ ရေးထားတဲ့သ
တင်းတွကို တရားစွဲဆိုတာမျိုးမလုပ်ဖို့ ၊ သတင်းမီဒီယာတွေရဲ့ သဘောဆန္ဒမပါပဲ မီဒီယာဥပဒေပြဌာန်းတာ
မျိုး မလုပ်ဖို့နဲ့ နည်းမျိုးစုံနဲ့ သတင်းသမားတွေကို နှိပ်ကွပ်နေတာမျိုး ချက်ချင်းရပ်ဖို့ အချက်တွေတောင်းဆို
သွားမှာဖြစ်ကြောင်း သိရ ပါတယ်။
RFA (Burmese)
0 comments:
Post a Comment