Pages

Wednesday, August 22, 2012

မန်း သူနာပြုတက္ကသိုလ်အနီးယာဉ်တိုက်မှု ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပြ


တက္ကသိုလ်ကျောင်းသားတွေကို ယဉ်မောင်းလိုင်စင် လုပ်ပေးတယ် ။ ကျနော်လ ည်း ကျောင်းသားရေးရာမှာ စာရင်းသွားပေးတယ် ။အင်တာ နက် ဆိုင်သွားဦးမှ ဆိုပြီး ကျောင်းက ပြန် လာတော့ ကျောင်းရှေ့လမ်း (62လမ်း) သူနာပြုကျောင်းနားလေးမှာဘက် ယဉ်တိုက် မှုဖြ စ်နေတယ် ။ 
လူတွေ အုံနေတာပဲ ။ ကျနော်ဆိုင်ကယ်စီးလာရင်း ကြည့်လိုက်တော့ ပြိုင်ကားအနက်လေး ။ခေါင်းပိုင်းတစ်ခုလုံး ကြေမွလို့ ။ ရင်ထဲမှာ ထိတ်ကနဲ့ ဖြစ်သွားတယ် ။ ထင်တဲ့အတိုင်းပါပဲ ကားပိုင်ရှင် ကျနော့်သူငယ်ချင်းကို တွေ့လိုက်ရတယ် ။
 
ပြိုင်ကားအနက်လှလှလေးထဲမှာHip Hop သီချင်းမြူးမြူးလေးတွေ ဖွင့်ပြီး ခပ်ကြမ်းကြမ်းမောင်းလေ့ရှိတဲ့
ကောင် ။ ပါ/ချုပ်ကတောင် ကားမောင်းကြမ်းလို့ခေါ်သတိပေးခံ ထားရတဲ့ကောင် ။ 
 
ကျနော်လည်းဆိုင်ကယ်ကိုလမ်းဘေးရပ်ပြီးသူ့အနားသွားကြည့်တယ်။အနားလေးမှာ အသက်50လောက်
မှာယောင်္ကျားတစ်ယောက်နဲ့မိန်းမတစ်ယောက်။မိန်းမကြီးကထိုင်နိုင်သေးတယ် ။ ယောင်္ကျားက ဘေးတ
စောင်းလဲ နေတယ် ။

ညာဘက်ဘေး ချိုစောင်းက အိနေတယ် ။ ခြေထောက်တစ်ဖက်က ကျေသွားပြီ ။ ပါးစပ်က ဟစီ ဟစီနဲ့ ။ အ
သက်ရှုလည်း မှန်ပုံမရ ။ ဒုနှစ်တုန်းက သင်ရတဲ့ ရင်ဘတ်ဖိတာတွေ ဘာတွေလည်း ကျနော်ဘာမှ မသိတော့ ။ဘေးကလူတွေကလည်း ထုံးစံအတိုင်း စပ်စုဝိုင်းအုံကြည့်ရုံကလွဲပြီး ဘာမှမဆိုင်သလိုလိုနဲ့ ။ ဟေ့ယောင်
ဆေးရုံကြီးပို့ရအောင်ဆိုပြီး ကျနော်လည်း လမ်းပေါ်က ကားတွေကို တားတယ် ။ ဘယ်ကားမှ ရပ်မပေးဘူး ။ မရတော့ နာရေးကူညီမှုကို ကျနော်ဖုန်းဆက်တယ် ။ သိတဲ့အတိုင်း ဖုန်းထဲက မိန်းမက လျောက်ပြောပြီးလိုင်း
က မ၀င်ဘူး ။ဒီကောင့်ကားကိုပဲ စက်နှိုးခိုင်းကြည့်တယ် ။ 

နိုးတော့ နိုးတယ် မောင်းလို့မရတော့ ။ နောက်တော့ Light Truck တစ်စီး တားလို့ရတယ် ။ ကျနော်ရယ်ကား
ပိုင်ရှင်ရယ် သူနဲ့အတူစီးလာတဲ့ကောင်ရယ် ယောင်္ကျားကြီးကို မပြီးကားပေါ်တင်ဖို့လုပ်တယ် ။ အဲချိန်ဘယ်
ကရောက်လာတဲ့ ဘယ်ဂျာနယ်က သတင်းထောက်မှန်း မသိပါဘူး ။ ညီလေးတို့ ခဏလေးဘေးဖယ်ပါတဲ့ ။ ကင်မရာ တစ်ကားကားနဲ့ ကားတိုက်ခံရသူကို အနီးကပ် ဓါတ်ပုံရိုက်ချင်ဟန်တူတယ် ။ 

ကျနော်လည်း စိတ်ပေါက်ပေါက်နဲ့ ပြန်အော်တယ် ။ ဟေ့လူ ဒါထီပေါက်နေတာ မဟုတ်ဘူး သေရေး ရှင်ရေး ဗျ ဆိုတော့ မျက်လုံးပြူးကြီး ပြန်ကြည့်ပြီး ကင်မရာနဲ့ အဝေးကပဲ ရိုက်တော့တယ် ။ အဲတော့မှ လူနာကို Light Truck ပေါ်တင်တယ် ။ ဘေးတစ်စောင်းလေး အတိုင်းပဲ တင်လိုက်တာပါ ။ ကျနော်က သူငယ်ချင်းကားပိုင်ရှင်
ကို ခေါင်းနဲ့ နံရိုးအောက်က လက်ဝါးခံပြီးလိုက်သွားဖို့ ပြောတယ် ။ 

ကားသမားကို ဖြေးဖြေးမောင်းဖို့ ပြောတယ် ။ မိန်းမကြီးကိုတော့ လူနာတင်ယဉ်ရောက်လာလို့ လူနာတင်
ယဉ်နဲ့ပဲ တင်ပေးလိုက်တယ် ။ 

ကားနှစ်စီးလုံးထွက်ဖို့လုပ်တော့ ယဉ်ထိန်းရဲ(နှစ်ရစ်) တစ်ယောက်ရောက်လာတယ် ။ ညီလေးတို့ ခဏလေး ဘာညာလာလုပ်နေတယ် ။ ကျနော်လည်းဘယ်မှ ထွက်မပြေးပါဘူးလို့ ။ အခုကျနော်တို့ ဆေးရုံမပို့ရင်
ဘယ်သူလိုက်ပို့မှာလဲလို့ ပြန်ပြောတယ် ။ အဲတော့ ဦးရဲကြီးလည်း ဘာမှ ပြန်မပြောတော့ဘူး ။ တိုက်ခံရတဲ့ ဘိုးတော်ကြည့်ရတာ အခြေအနေမကောင်းဘူး ။

သူသာသေရင် ကျနော့်ဘော်ဒါလည်း ကျောင်းထွက်ရမှာပဲ ။ ဘိုးတော်နဲ့ ဘွားတော်က ဂျာလင်းစူပါကပ်ဆိုင်
ကယ်လေးနဲ့ လာတာထင်တယ် ။ မျက်နှာချင်းဆိုင် တိုက်မိဟန်တူတယ် ။ ဆိုင်ကယ်လည်း ကားလမ်းဘေး
က အိမ်နားအထိရောက်နေတယ် ။ တစ်ခဏတာလေးအတွင်းမှာ ဘ၀သုံးခုရဲ့ အနာဂတ်တွေဟာ မရေမရာ
ဖြစ်သွားသလိုပဲ ။ အရာအားလုံး အကောင်းအတိုင်းဖြစ်ပါစေ ။ :pray

From - Okkar Shwe Win Facebook
 
မြန်မာ့သားကောင်း

0 comments:

Post a Comment