Pages

Wednesday, August 22, 2012

မြန်မာနိုင်ငံဘက်မှစစ်ဘေးဒုက္ခသည်များကိုတရုတ် အစိုးရက လက်မခံ ဘဲ နေရပ်ပြန်ပို့နေ

တရုတ်နိုင်ငံနယ်စပ်အနီးနောင်တောင်းဒေသတွင်ထွက်ပြေးတိမ်းရှောင်နေသော မြန်မာနိုင်ငံဘက်မှစစ်ဘေးဒုက္ခသည်များကိုတရုတ်
အစိုးရက လက်မခံ ဘဲ နေရပ်ပြန်ရန်ညွှန်ကြားသဖြင့် ယမန်နေ့နှင့် ယနေ့(သြဂုတ် ၂၁နှင့်၂၂ရက်) တို့တွင် ဒုက္ခသည်များ မြန်မာ
နိုင်ငံဘက်ခြမ်း မန်စီမြို့နယ်သို့ပြောင်းရွေ့ပေးနေရကြောင်း စစ်ဘေးဒုက္ခသည်များကို အဓိကအကူညီပေးနေသော ကချင်နှစ်ခြင်း
ခရစ်ယာန်အသင်းချုပ်မှ ဦးဂွမ်ရှော်ကပြောသည်။

တရုတ်နိုင်ငံနောင်တောင်းဒေ
သတွင်းသို့ ကချင်ပြည်နယ်တွင်းစစ်ပွဲ များကြောင့်ထွက်ပြေတိမ်းရှောင်နေသူများမှာယန်လူနှင့်လောင်

ဖိုင် စခန်းနှစ်ခုတွင်နေထိုင်နေကြရာမှ တရုတ်နိုင်ငံအစိုးရ၏ နေရပ်ပြန် ရန်ညွှန်ကြားမှုကြောင်း မြန်မာနိုင်ငံဘက်ခြမ်း မန်စီမြို့နယ် အတွင်း သို့ ပြောင်းရွေ့ရခြင်းဖြစ်သည်။

 

အချို့မှာ မန်စီမြို့နယ်တွင်းမှ လနဇုန်၊ မန်ဝိန်းကြီးစသည့်နေရာများသို့ရွေ့ပြောင်းဖွယ်ရှိကြောင်းလည်း သတင်းရရှိသည်။“မိုးက

လည်း တအားရွာတော့ တအားဒုက္ခရောက် တယ်။နေရေး ထိုင်ရေး၊ စားရေးသောက်ရေးကအစ အရမ်းခက်ခဲတယ်”ဟု ဦးဂွမ်ရှော် က ယနေ့နံနက် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှု့ကိုဖြေကြားခဲ့သည်။


တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပြောင်းရွေ့လာရသော စစ်ဘေးဒုက္ခသည်အရေအတွက် မှာစခန်းနှစ်ခုပေါင်း တစ်

ထောင်ကျော် မည်ဟု ခန့်မှန်းထားပြီး ကျောင်းသူကျောင်းသာ ၈၀၀ဦး၊ဆရာ၊ဆရာမ ၄၂ဦးတို့ပါဝင်ကြောင်း ကချင်နှစ်ခြင်းခရစ်

ယာန်အသင်းချုပ်မှ သိရသည်။

 

Mizzimma News

0 comments:

Post a Comment