Pages

Wednesday, November 19, 2014

နည်းပညာတက္ကသိုလ်၊ ကောလိပ်များ အောင်ချက်နည်းB.E ဝင်ခွင့်စာမေးပွဲများ ယခင်လေးနှစ် တစ်ကြိမ်မှ ယခုနှစ်မှစ၍ နှစ်စဉ်ကျင်းပတော့မည်

RangonNewsDaily:: November . 19 .2014
သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာနလက်အောက်ရှိ နည်း ပညာတက္ကသိုလ်၊ ကောလိပ်များ ၏ ၂၀၁၃-၁၄ ပညာသင်နှစ်မေး ခွန်းများကို အရည်အသွေးမြှင့်၍ မေးထားသောကြောင့် နိုဝင်ဘာ ၁၆ ရက် နံနက်က ထွက်ရှိခဲ့သည့် အောင်စာရင်းတွင် အောင်ချက် နည်းပါးရခြင်းဖြစ်ပြီး ကျောင်းသား များ မနစ်နာအောင် B.E ဝင်ခွင့် စာမေးပွဲများကို နှစ်စဉ်ကျင်းပသွား မည်ဖြစ်ကြောင်း စက်မှုနှင့် သက် မွေးပညာဦးစီးဌာနညွှန်ကြားရေး မှူးချုပ် ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

ကိုလံဘတ်စ် မတိုင်မီ ရာစုနှစ် သုံးခုကျော် ကပင် မွတ်စလင်များက အမေရိက တိုက်ကို တွေ့ရှိခဲ့ဟု တူရကီ သမ္မတ ပြောကြား

RangonNewsDaily:: November . 19 .2014
အမေရိကတိုက်အား ခရစ်စတိုဘာ ကိုလံဘတ်စ် မတွေ့ရှိခင်ကပင် မွတ်စလင်များက တွေ့ရှိခဲ့ကြောင်း တူရကီသမ္မတရီကက်တီယစ် အာဒိုဂန်က ပြောကြားလိုက်သည်ဟု နိုဝင်ဘာ ၁၆ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လေဖြတ်နေတဲ့ မိခင်ကို သားဖြစ်သူက အရက်ဖိုးတောင်းမရလို့  ထိုးကြိတ်ရိုက်နှက်ရာက သေဆုံး

RangonNewsDaily:: November . 19 .2014
ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့ နယ် ခနောင်ကျေးရွာမှာ လေဖြတ်ထားလို့ အိပ်ရာထဲ လဲနေတဲ့ မိခင်ဖြစ်သူကို သားဖြစ်သူက အရက်ဖိုးတောင်းရာ မပေးတာကြောင့် ထိုးကြိတ် ရိုက်နှက်ရင်း သေဆုံးသွား ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၈၄/ဝ)အနီးတွင် ယာဉ်တစ်စီးနှင့်တစ်စီး ကျော် တက်မောင်းနှင်ရာမှ လေးခွဖြင့် ပစ်ခတ်မှုဖြစ်ပွား

RangonNewsDaily:: November . 19 .2014
နိုဝင်ဘာ ၁ဝ ရက် ညနေပိုင်းတွင် ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်
အမှတ် (၈၄/ဝ)အနီး၌ ယာဉ်တစ်စီး လေးခွနှင့် ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။

အလုပ်ရှင်ကို ဓားပြတိုက် သတ်ဖြတ်ခဲ့သည့် မြန်မာအလုပ်သမား ၂ ဦး ဖမ်းမိ

RangonNewsDaily:: November . 19 .2014
ထိုင်းနိုင်ငံ တာခ်ျခရိုင်မှာ အလုပ်ရှင်ကို ဓားပြတိုက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ယူဆရတဲ့ မြန်မာအလုပ်သမား ၂ ဦးကို ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးထားပါတယ်။

ဖေ့စ်ဘွတ်ခ်ကြော်ငြာဝန်ဆောင်မှု သုံးစွဲသူများကို လိမ်လည်မှုများရှိလာ

RangonNewsDaily:: November . 19 .2014
ဖေ့စ်ဘွတ်ခ်တွင် ကြော်ငြာများ ဝေမျှရုံဖြင့် ၀င်ငွေ ရရှိနိုင်သည်ဟု ကြော်ငြာထား သည့် ဖေ့စ်ဘွတ်ခ်ကြော်ငြာဝန် ဆောင်မှုလုပ်ငန်းစာမျက်နှာများ များပြားလာပြီး သုံးစွဲသူများကို လိမ်လည်မှုများရှိလာကြောင်း သတင်းရရှိသည်။

“ကျောင်းသားတွေ လမ်းပေါ် ထွက်တယ်ဆိုတာ မထွက်မဖြစ် ထွက်လာရတာ”

ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီအဖွဲ့ဝင် ကိုမင်းသွေးသစ်
RangonNewsDaily:: November . 19 .2014
အမျိုးသား ပညာရေး ဥပဒေမူကြမ်း ရေးဆွဲစဉ်က ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ကျောင်းသား ပြည်သူများကို အမှန်တကယ် ကိုယ်စားပြုသည့် အဖွဲ့များအား ပါဝင်ခွင့် မပေးခြင်း၊ မူကြမ်းရေးဆွဲရေး အဖွဲ့များ ဆွေးနွေး သဘောတူထားသည့် အချက်များကို လက်မခံနိုင်ခြင်း စသည့် အချက်များကြောင့် ဝေဖန်ထောက်ပြ ကန့်ကွက်မှုများ ဖြစ်ပေါ်နေသည်။

မြေလတ်ဒေသတွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၄အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ရှားမှုကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်ပေါ်ခဲ့

RangonNewsDaily:: November . 19 .2014
မကွေးတိုင်း ဒေသကြီး၏ မြေလတ်ဒေသတစ်ခု ဖြစ်သော ချောက်မြို့၏အနောက် တောင်ဘက်မိုင် ၃ဝအကွာနှင့်မန္တလေး မြေငလျင်စခန်း၏အနောက်တောင် ဘက်မိုင် ၁၄ဝကိုဗဟိုပြုပြီး နိုဝင်ဘာ ၁၇ရက်နံနက် ၁၁နာရီတွင် ရစ်ခ်ျတာ စကေး ၅ ဒသမ ၄အဆင့်ရှိ မြေငလျင် တစ်ခုလှုပ် ခတ်သွားကြောင်း နေပြည် တော်မြေ ငလျင်တိုင်းတာရေးဌာနမှ သိရသည်။

လှိုင်သာယာတစ်ဝိုက် သောင်းကျန်းနေသော အကြမ်းဖက် လုယက်ဂိုဏ်းကို ရဲကစီးနင်းဖမ်းဆီး


RangonNewsDaily:: November . 19 .2014
လှိုင်သာယာ မြို့နယ်တစ်ဝိုက်တွင် အကြမ်းဖက် လုယက်မှုများအား အုပ်စုဖွဲ့ကျူးလွန် နေသောဒုစရိုက်ဂိုဏ်းတစ်ခုကို ရန် ကုန်တိုင်း ရဲတပ်ဖွဲ့ဦးစီးသော ပူးပေါင်း အဖွဲ့မှ အင်အား ၃ဝခန့်ဖြင့် နိုဝင်ဘာ ၁၆ရက် ညနေပိုင်းကဝင်ရောက်စီးနင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

အမျိုးသမီးတစ်ဦး ပါဝင်သည့် ကြေးစားလူမိုက်ဂိုဏ်းကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

RangonNewsDaily:: November . 19 .2014
ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်စုဖွဲ့ကာ မူးယစ်ဆေးဝါး ရောင်းချပြီး ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုများကို ကျူးလွန်သည့် အမျိုးသမီးတစ်ဦး အပါအဝင် ကြေးစားလူမိုက်ဂိုဏ်း အဖွဲ့ကို ဓား ၃၇ ချောင်း အပါအဝင် ဆေးခြောက်များဖြင့် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းရပ်ကွက်တွင် နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်က ဖမ်းမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

အရှေ့ အာရှထိပ်သီး အစည်းအဝေးပွဲတတ်ရောက်ခဲ့သော အိန္ဒိယ ၀န်ကြီးချုပ်လေယာဉ် နေပြည်တော်တွင် ၉၂ မိနစ် စောင့်ခဲ့ရ

RangonNewsDaily:: November . 19 .2014
အိန္ဒိယ၀န်ကြီးချုပ် နာရင်းဒရာမိုဒီရဲ့ အဲအိန္ဒိယ-၀မ်း လေယာဉ်ဟာ သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့ကို ဆက်လက် မထွက်ခွာရသေးခင် လေယာဉ်ဆီဖြည့်ရာမှာ နှောင့်နှေးမှု ကြောင့် နေပြည်တော်လေဆိပ်မှာ ၉၂ မိနစ်လောက် အချိန်စောင့်လိုက်ရတယ်လို့ အိန္ဒိယ မီဒီယာတွေမှာ ရေးပါတယ်။

ဂျာမနီနှင့်ပိုလန်သံတမန်များအား ရုရှားနှင်ထုတ်

RangonNewsDaily:: November . 19 .2014
ဂျာမနီနှင့်ပိုလန်နိုင်ငံတို့က ရုရှားသံတမန်အချို့အား နိုင်ငံမှထွက်ခွာရန် ညွှန်ကြားလိုက်ပြီးနောက်တွင် ရုရှားနိုင်ငံကလည်း ဂျာမနီနှင့်ပိုလန်သံတမန်များစွာကို နှင်ထုတ်လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် စစ်ရဟတ်ယာဉ် ပျက်ကျ၊ ၉ ဦး သေဆုံး

RangonNewsDaily:: November . 19 .2014
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ စစ်ရဟတ်ယာဉ်တစီး ပျက်ကျခဲ့လို့ လိုက်ပါလာသူ စစ်တပ် အရာရှိကြီးတွေအပါအ၀င် ရဟတ်ယာဉ်ပေါ်ပါသူ ၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်များ လစာခံစားခွင့် ကျပ် ၁၆ သိန်းအထိရရှိရန် လွှတ်တော်အတည်ပြု

RangonNewsDaily:: November . 19 .2014
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို လစာခံစားခွင့် အနည်းဆုံး ကျပ်၁၀ သိန်းမှ အများဆုံး ကျပ် ၁၆ သိန်းအထိ ရရှိရန် ဥပဒေကြမ်းတွင် ထည့်သွင်း အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပုဇွန်တောင်မှ အလုံထော်လီကွေ့အထိ ကမ်းနားလမ်းအတိုင်း မြို့ ပတ်ရထား ပြေးဆွဲမည်

RangonNewsDaily:: November . 19 .2014
ရန်ကုန်မြို့တော် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြေလျှော့ရန် ပုဇွန်တောင်မှ အလုံထော်လီကွေ့အထိ မြို့ပတ်ရထား ခရီးစဉ်ကို ဒီဇင်ဘာလ ပထမပတ်တွင် တိုးချဲ့ ပြေးဆွဲသွားရန် ရှိကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ပြောကြားသည်။

သမ္မတအဖြစ် ရည်မှန်းထားကြောင်း သူရဦးရွှေမန်း ပြောကြား

RangonNewsDaily:: November . 19 .2014
လာမည့် အစိုးရသက်တမ်းတွင် သမ္မတအဖြစ် ရည်မှန်းထားသောကြောင့် ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်အမတ်တွေ လစာ ၁ဝ သိန်းရတော့မယ်

RangonNewsDaily:: November . 19 .2014
လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လစာထောက်ပံ့ငွေကို ကျပ်ငွေ ၃ သိန်းပေးထားရာကနေ ၁၀ သိန်းထိ တိုးမြှင့်ပေးတော့မယ်လို့ သိရပါတယ်။ ဒါ့အပြင် လွှတ်တော်တက်နေစဉ်ကာလအတွင်း တစ်နေ့အတွက်၂ သောင်းပေးမယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းကို စစ်တွေလူထု ဆန္ဒပြမည်

RangonNewsDaily:: November . 19 .2014
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲခဲ့တဲ့အပေါ် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လူမှုအဖွဲ့အစည်းများက ဦးဆောင်ပြီး လာမယ့် နိုဝင်ဘာ ၂၃ရက်မှာ ကန့်ကွက် ဆန္ဒပြကြမယ်လို့ မြို့မိမြို့ဖတယောက်ဖြစ်တဲ့ ဦးဦးသာပွင့်က ပြောပါတယ်။