Pages

Wednesday, March 19, 2014

ကိုယ်ပိုင်တီးဝိုင်းသစ်နဲ့ သီချင်းတွေဆက်လုပ်သွားမယ့် မီးမီးခဲ


RangonNewsDaily: March . 19 .2014
တေးသံရှင်မီးမီးခဲက ဧပြီလ ၄ ရက်နေ့နဲ့၅ရက်နေ့မှာ ပြုလုပ်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ သူမရဲ့ကိုယ်ပိုင်တီးဝိုင်း MMK နဲ့ ပထမဆုံးစတင်ပွဲထွက် တီးခတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
မီးမီးခဲရဲ့အတိုကောက် MMK လို့ ပေးထားတဲ့ သူမရဲ့တီးဝိုင်းသစ်အကြောင်းနဲ့ ပတ်သက်ပြီး မီးမီးခဲက 

" မီးခဲတို့ ခရစ်ယာန်လူငယ်လေးတွေနဲ့ ဖွဲ့ထားတာပါ။ မီးခဲတို့လောကထဲက လူငယ်လေးတွေပေါ့။ အပြင်က လူငယ်လေးတွေပါပဲ။ ၁၉၊ ၂ဝ ဝန်းကျင်လူငယ်တွေနဲ့ ဖွဲ့ထားတာပါ။ 

သူတို့က မီးခဲတို့ခရစ်ယာန်ဂီတပြိုင်ပွဲတွေမှာ ဆုတွေရထားတဲ့သူတွေ၊ အားလုံးတော်ကြပါတယ်။ လက်ရွေးစင်ရွေးပြီးစုထားတာပါ" လို့ ပြောတဲ့ မီးမီးခဲရဲ့ တီးဝိုင်းအသစ်ကိုတော့ ဧပြီလ ၄ ရက်နေ့နဲ့ ၅ရက်နေ့ MCC ခန်းမမှာ ပထမဆုံးစတင်မြင်တွေ့ရမှာဖြစ်ပါတယ်။ 

မီးမီးခဲရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Miss Call စီးရီးကတော့ 
သီချင်းကောင်းတွေလည်း တော်တော်များများ ပါဝင်တဲ့စီးရီးဖြစ်ပါတယ်။ Miss Call စီးရီးကိုတော့ MTV မထွက်ဖြစ်တော့ဘူးလို့သိရတာကြောင့်မေးတော့

" ပြောရရင်တော့ အကြောင်း စုံပေါ့။ ထုတ်ဖို့အခြေအနေမပေးတာပေါ့။ အိမ်ထောင်ရေးကလည်း ကိုယ့်လမ်း နဲ့ကိုယ်ဖြစ်သွားပြီဆိုတော့ မီးခဲတစ်ယောက်တည်းပဲ။ 

သမီးလေးလည်းရှိတော့ ဘဝကိုအသစ် ပြန်စတဲ့အခါ အဲဒီဘက်ကို သိပ်မလှည့်ဖြစ်တော့ဘူး။ ရိုက်ပြီး သားတွေတော့ ရှိတယ်။ ဒါပေမဲ့ အခွေသစ်ဘက်ကိုပဲ ပိုပြီးအာရုံစိုက်တော့မယ်" လို့ မီးမီးခဲ က ပြောပါတယ်။ မီးမီးခဲရဲ့ သမီးလေးဖြူ ဖြူစင်စင်လင်းကတော့ အခုဆို ၄နှစ်နဲ့ ၃လရှိပြီဖြစ်ပြီး ဂီတဗီဇ ဝါသနာလည်း 
ကြီးမားသူသမီးငယ်လေးဖြစ်ပါတယ်။

" သူက မြူးဇစ်ကို နားလည်တယ်။ ဒရမ်တီးတာကိုလည်းကြိုက်တယ်။ ထူးဆန်းတယ်။ မိန်းကလေးဖြစ်ပြီးတော့ ဒရမ်တီးတာကိုကြိုက်တယ်။ တီးလည်းတီးတတ်တယ်။ Vocal ပိုင်းလည်းသူဆိုနေပြီ။ သူ့ကိုတော့ ပညာရေးကို အဓိကထားပြီး လုပ်စေချင်တယ်။ ပြီးမှပဲဒီဘက်ကို လှည့်စေချင်တယ်။ မီးခဲကိုယ်တိုင်လည်း ပညာရေးပြီးမှပဲ ဂီတဘက်ကို လူရောစိတ်ရောနှစ်ပြီးလုပ်တယ်" လို့ မီးမီးခဲက ပြောပါတယ်။ 

မီးမီးခဲက လက်ရှိမှာတော့ သူ့ရဲ့ တီးဝိုင်းသစ်နဲ့ စီးရီးတစ်ခွေလက်စသတ်နေပြီး IC တီးဝိုင်းနဲ့လည်း စီးရီးတစ်ခွေစီစဉ် နေတယ်လို့ သိရပါတယ်။ 

Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment