Pages

Wednesday, March 19, 2014

လိမ်လည်ရောင်းချခံရသော မော်တော်ယာဉ်များ သုံးပုံနှစ်ပုံခန့် ပြန်လည်ရရှိဟုဆို

RangonNewsDaily: March . 19 .2014
မော်တော်ယာဉ် နံပါတ်အနက်များကို လချုပ်အဖြစ် ငှားရမ်းရာမှ လိမ်လည် ရောင်းချခံရသည့် မော်တော်ယာဉ်များ အနက်မှ သုံးပုံနှစ်ပုံခန့် ပြန်လည် ရရှိပြီ ဖြစ်ကြောင်း လိမ်လည်ခံရသည့် မော်တော်ယာဉ် အငှားဝန်ဆောင်မှု ကုမ္ပဏီအချို့ထံမှ သိရသည်။
“ကားတချို့ ပြန်ရပြီ။ တချို့ကတော့ တရားရုံးမှာ အမှုရင်ဆိုင်နေရတုန်းပဲ။ ကျန်တဲ့ ကားတွေကိုလည်း ဆက်စုံစမ်း နေပါတယ်” ဟု ရောင်နီဦး မော်တော်ယာဉ် ငှားရမ်း၊ ရောင်းချရေးစင်တာမှ မန်နေဂျာ ဦးဝင်းထွဋ်က ပြောကြားသည်။
အဆိုပါ မော်တော်ယာဉ်များကို လိမ်လည်သူများက မှတ်ပုံတင်အတု၊ နေရပ်လိပ်စာ အတုနှင့် သန်းခေါင်စာရင်း အတုများဖြင့် လိမ်လည် ငှားရမ်းကာ ပြန်လည် ရောင်းချခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။ 
“ကျွန်တော်တို့ ကုမ္ပဏီကတော့ ၁၀ စီးပျောက်တာ ကိုးစီးပြန်တွေ့ပါပြီ။ သုံးစီးက ကျွန်တော်တို့ဆီ ရောက်နေပါပြီ။ ခြောက်စီးကတော့ အမှုရင်ဆိုင်နေရတုန်းပါ။ အဲဒီလိုပဲ တစ်ချို့ကားပိုင်ရှင်တွေလည်း ပြန်ရနေကြပါပြီ” ဟု ဦးဝင်းထွဋ်က ဆိုသည်။

ယင်းသို့ လိမ်လည်ရောင်းချ ခံရသည့် မော်တော်ယာဉ် အစီးရေ စုစုပေါင်း ၇၀ ခန့်ရှိကြောင်း မော်တော်ယာဉ် အငှားဝန်ဆောင်မှု ကုမ္ပဏီများထံမှ သိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time