Pages

Wednesday, March 19, 2014

ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းတစ်လုံးအဖြစ် စံချိန်တင်မယ့် Gionee Elife S5.5


RangonNewsDaily: March . 19 .2014
China အခြေစိုက် Gionee မိုဘိုင်းထုတ်လုပ်ရေးကုမ္ပဏီကနေ အသစ် ထုတ်လုပ်မိတ်ဆက်လိုက်တဲ့ Elife S5.5 စမတ်ဖုန်းက အထူ 5.5mm မီတာသာ ရှိတဲ့အတွက် ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းအဖြစ် စံချိန်တင်နိုင်တဲ့ အနေအထားမှာရှိနေပါတယ်။
Gionee Elife S5.5 ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လပိုင်းမှာကျင်းပခဲ့တဲ့ Mobile World Congress ပြပွဲမှာ မိတ်ဆက်ခဲ့ တာဖြစ်ပြီး ဈေးကွက်အတွင်းကိုတော့ ၂၀၁၄ ပထမ လေးလပတ် အတွင်းမှာရောင်းချနိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။

ကမ္ဘာ့အပါးဆုံးကိုယ်ထည်

Gionee Elife S5.5 မထွက်ရှိခင်က 5.57mm အထူရှိတဲ့ Vivo X3 စမတ်ဖုန်း က ကမ္ဘာ့အပါးလွှာဆုံးစမတ်ဖုန်းအဖြစ် စံချိန်တင်နေခဲ့တာပါ။ ယခုအခါမှာတော့ ကမ္ဘာ့အပါးလွှာဆုံးစမတ်ဖုန်းစာရင်းထဲ 5.5mm အထူနဲ့ Gionee Elife S5.5 က ထိပ်ဆုံးကို ရောက်ရှိလာပါတယ်။ ဒီအတွက် China မိုဘိုင်းဈေးကွက် တစ်ခုလုံးကို အံ့သြဘနန်းဖြစ်စေခဲ့ပါတယ်။

ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်

ကမ္ဘာ့အပါးဆုံးဖုန်းတစ်လုံးဆိုပေမယ့် ကြီးမားကျယ်ပြန့်တဲ့ ၅ လက်မမျက်နှာပြင်ကို ပိုင်ဆိုင်ထားပါတယ်။ Super AMOLED display မျိုးကိုသုံး ပေးထားပြီး 1920 x 1080 pixels နဲ့ full-HD မြင်ကွင်းတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

မျက်နှာပြင်ကို Gorilla Glass 3 နဲ့အကာအကွယ် ပေးထားတဲ့အပြင် ဖုန်းရဲ့ကိုယ်ထည်ထောင့်စွန်းကို အလူမီနီယမ်နဲ့ ပတ်လည်ကွပ်ပေးထားတာကြောင့် ထိခိုက်မှုတွေအတွက် အကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

စွမ်းရည်

သူ့မှာ MediaTek အမျိုးအစား Octa core chipset ကိုသုံးထားတာပါ။ Core တစ်ခုချင်းစီရဲ့ မြန်နှုန်းက 1.7GHz ရှိပါတယ်။ Octa core သုံးထားတဲ့ စမတ်ဖုန်းမျိုးတွေဟာ မိုဘိုင်းဈေးကွက်ထဲမှာ လက်ချိုးရေတွက်နိုင်လောက် တဲ့အထိ နည်းနေပါသေးတယ်။ ထိုအထဲ Gionee Elife S5.5 က တစ်လုံး အပါအဝင်ဖြစ်လာပါပြီ။ 


Processor စွမ်းရည်မြင့်ပေမယ့် ဘတ်ထရီ စွမ်းအင်ကို ၄၀% အထိ ချွေတာပေးနိုင်စွမ်း ရှိနေပါတယ်။ RAM ကိုတော့ 2GB ထည့်သုံးပေးထားပါတယ်။ အပါးလွှာဆုံးကိုယ်ထည်နဲ့ လိုက်ဖက်ညီစွာ ဂုဏ်မြှင့်ပေးမယ့် စွမ်းဆောင်ရည်တွေ ပါရှိနေတာကို RAM နဲ့ Processor တွေကိုကြည့်ရင် သိသာစေပါတယ်။ 

ဖုန်းရဲ့အတွင်းမှတ်ဥာဏ်ကို 16GB အထိ ထည့်ပေးထားပြီး 2,300 mAh battery ကို တပ်ဆင်ပေးထားပါတယ်။

Gionee ရဲ့ကိုယ်ပိုင် OS ဒီဇိုင်း

Gionee Elife S5.5 မှာ Android 4.2 (Jelly Bean) OS အမျိုးအစားကို သုံးပေးထားတာပါ။ ထူးခြားတာက Android သီးသန့်မဟုတ်ဘဲ Android platform ကိုအခြေပြုပြီး ပြန်လည်ဖန်တီးထားတဲ့ Amigo OS မျိုးအဖြစ်မြင်တွေ့ရမှာပါ။ Symbian/MeeGo OS တို့လိုပေါ့။ 


UI ကို လှလှပပ ဒီဇိုင်းဆင်ထားပြီး Touch အသုံးပြုမှုအချောမွေ့ဆုံးဖြစ်အောင် ဖန်တီးထားပါတယ်။

ကင်မရာ

Gionee ဖုန်းတွေမှာ ကင်မရာပိုင်းကို အလေးထားအားပြုလာတာ
တွေ့ရပါတယ်။ ယခု Elife S5.5 မှာလည်း နောက်ပိုင်းကင်မရာကို 13MP အထိ သုံးပေးထားပါတယ်။ အရှေ့မှာတော့ 5MP ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ကင်မရာတွေရဲ့ Megapixels အရေအတွက်တွေ ကတော့ အားရစရာပါ။ ဘယ်လို ထူးထူးခြားခြား Effect မျိုးတွေပါဝင်မလဲဆိုတာကိုတော့ အတိအလင်းမကြေညာထားသေးပါဘူး။

ဈေးနှုန်း

Gionee Elife S5.5 ကို ၂၀၁၄ ရဲ့လေးလပတ်အတွင်းမှာ ရောင်းချနိုင်
လိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။ နိုင်ငံပေါင်း ၄၀ ကျော်ကို
ဖြန့်ချိရောင်းချသွားမယ်လို့ ဆိုပါတယ်။ Gionee Elife S5.5 ကို US $374 နဲ့ ရောင်းချသွားမယ်လို့ဆိုပါတယ်။

ရရှိနိုင်မယ့်အရောင်များ
Gionee Elife S5.5 ကို အဖြူရောင်၊ အနက်ရောင်၊ အပြာရောင်၊ ပန်းရောင်နဲ့ ခရမ်းရောင်ဆိုပြီး အရောင် (၅) မျိုးထုတ်လုပ်ထားပါတယ်။

သုံးသပ်ချက်

အားလုံးကို ခြုံကြည့်မယ်ဆိုရင် Gionee Elife S5.5 မှာ အဆင့်မြင့်တဲ့ Processor စွမ်းရည်နဲ့ ကင်မရာစွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။ ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းတစ်လုံးဖြစ်ခြင်းက သူ့ရဲ့အားအပြင်းဆုံး ဆွဲဆောင်မှုတစ်ခုပေါ့။ ဈေးနှုန်းကလည်း US $374 လောက်ပဲ ရှိတယ် ဆိုတော့ အခြား Mobile Brand တွေယှဉ်ရင် အတော်လေး သက်သာပါတယ်။ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်းတစ်လုံးကို
ဈေးသက်သက်သာသာနဲ့ ပိုင်ဆိုင်လိုသူတွေအတွက်တော့ Gionee Elife S5.5 က အသင့်လျော်ဆုံးပါပဲ။

Specifications
- 5” Super AMOLED Display
- 16 GB Storage, 2 GB RAM
- 13MP Main Camera, 5MP Secondary Camera
- Android OS, v4.2 (Jelly Bean)
- Octa-core 1.7 GHz Processor
- Li-Ion 2300 mAh battery
- Black, white, blue, pink, purple Colors

May Thazin (TSJ Team) , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment