Pages

Wednesday, March 19, 2014

အန္တရာယ်သတိပေး အချက်ပြမီးဝါအချို့ ၂၄ နာရီအတွင်း ဖျက်ဆီးခံရ


RangonNewsDaily: March . 19 .2014
မုံရွာမြို့၏ ယာဉ်ကြော ထူထပ်သည့် နေရာများတွင် အရှိန်လျှော့မောင်းရန်အတွက် မတ်လ ၁၆ ရက်နေ့က စတင်တပ်ဆင်ခဲ့သော အန္တရာယ် သတိပေးအချက်ပြ မီးဝါများအနက် မီးဝါနှစ်လုံးမှာ ၂၄ နာရီအတွင်း ဖျက်ဆီးခံခဲ့ရကြောင်း မုံရွာမြို့ ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ပြောကြားသည်။
“မြို့ပေါ်မှာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနဲ့ ယာဉ်အန္တရာယ် ကင်းအောင် ဆိုပြီး အချက်ပြမီးဝါတွေ တပ်ဆင်ခဲ့တာ။ ဒါပေမဲ့ တပ်ဆင်တဲ့ညမှာပဲ စီးပွားရေး တက္ကသိုလ်ရှေ့က မီးဝါနှစ်လုံး ရိုက်ခွဲခံလိုက်ရတယ်။ ကျူးလွန်သူတွေကို စုံစမ်းနေတယ်” ဟု ၎င်းကဆိုသည်။

လမ်းသွားလမ်းလာ ရှုပ်ထွေးပြီး လူစည်ကားရာ နေရာများတွင် မီးဝါ တပ်ဆင်ခြင်း လုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်ရာ မုံရွာမြို့ပေါ်တွင် အချက်ပြမီးဝါ ၄၁ လုံးခန့် တပ်ဆင်မည် ဖြစ်ကြောင်း၊ ယင်းအချက်ပြ မီးတစ်လုံးလျှင် ကျပ်သုံးသိန်းတန်ကြေး ရှိကြောင်း မုံရွာမြို့ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး၏ မှတ်တမ်းများအရ သိရသည်။ 

အချက်ပြမီးဝါများကို မုံရွာမြို့၏ ယာဉ်တိုက်မှု အဓိက အဖြစ်များရာ နေရာများဖြစ်သည့် ကျောက္ကာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်ထောင်စုလမ်းနှင့် ဒေါနခြံရေစင်ကြီးထောင့်၊ ကျောက်ဆောင်ဆိပ်၊ တမာတန်းလမ်းဆုံ၊ မုံရွာတက္ကသိုလ်နှင့် စီးပွားရေး တက္ကသိုလ်ရှေ့တို့တွင် တပ်ဆင်မည်ဖြစ်ရာ လက်ရှိအချိန်၌ မီးဝါ ၁၇ လုံး တပ်ဆင်ထားပြီး စီးပွားရေး တက္ကသိုလ်ရှေ့မှ မီးဝါနှစ်လုံးမှာ တပ်ဆင်ခဲ့သည့်နေ့တွင်ပင် ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment