Pages

Sunday, June 26, 2016

ဗလီဖျက်ခံရမှု Civil Rights သဘောထား ထုတ်ပြန်


RangonNewsDaily::Sunday. June 26. 2016 
ပဲခူးတိုင်း ဝေါမြို့နယ် သရဲသမိန်ရွာ ဗလီနှင့် စာသင်ကျောင်း ဖျက်ဆီးခံရမှုနှင့် စပ်လျှဉ်း၍ တောင်းဆိုမှု
ပဲခူးတိုင်း ဝေါမြို့နယ် သရဲသမိန်ရွာ ဗလီနှင့် စာသင်ကျောင်း ဖျက်ဆီးခံရမှုနှင့် အုပ်စုဖွဲ့ အနိုင် ကျင့်ခြင်းတို့အား ကျွန်ုပ်တို့ Civil Rights အဖွဲ့မှ ပြင်းပြင်း ထန်ထန် ရှုတ်ချ၍ ထိခိုက် နစ်နာရသူ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ၀မ်းနည်း ကြေကွဲရပါသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အာဏာရှိသူများ ဘက်မှ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်-

ပျက်ဆီး သွားသော သာသနိက အဆောက်အအုံများ လူနေအိမ်များအား ပြန်လည် ဆောက်လုပ်ခွင့် ပြုပြင်ခွင့် ပေးရန်-
ပြသနာ၏ အရင်းအမြစ်အား သေချာစစ်ဆေး ဖေါ်ထုတ်ပေးရန်-


ကြောက်လန့်ထွက်ပြေးရသည့် မိသားစုများ၊ လူနည်းစုများအား လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် အစိုးမှ တာဝန်ယူပေးရန်-


နှစ်ဘက်သော လူ့အသိုင်းအ၀ိုင်းတို့အား လူမှုဆက်ဆံရေး ပညာရပ်များ (မတက်မနေရ) သင်တန်းပေးရန်- နှင့်
နိုင်ငံတစ်ဝှမ်းလုံး လူနည်းစု ကာကွယ်စောင့်ရှောက်ရေး ဥပဒေ တစ်ရပ် အလျှင်အမြန်ပြဌာန်းပေးရန်
ကျွန်ုပ်တို့ Civil Rights အဖွဲ့မှ တောင်းဆိုပါသည်။
ရဲဇော် (ရှိုက်ခ်မိုဟာမ္မဒ်)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ (မြန်မာပြည်)
Civil Rights Movement




0 comments:

Post a Comment